စနေ၊ အောက်တိုဘာလ ၂၆ရက်၊ ၂၀၂၄

ဆိုင်ကလုန်း "ဒါနာ "ကြောင့် အနောက်ဘင်္ဂလားတွင် လူ(၁)ဦးသေဆုံး၊ (၂) သိန်းကျော်ကို အစိုးရက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 111

ဂျွန်နသန်၊ အောက်တိုဘာ ၂၅/၂၀၂၄

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဆိုင်ကလုန်း "ဒါနာ" တိုက်ခိုက်မှုကြောင့် လူ(၁)ဦး သေဆုံးခဲ့ရပြီး လူပေါင်း (၂) သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ ရကြောင်း The Economic Times ကသတင်းဖော်ပြချက်အရသိရသည်။

အနောက်ဘင်္ဂလားပြည်နယ် တွင် အောက်တိုဘာ(၂၅) ရက်က ဆိုင်ကလုန်း Dana တိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းလူ(၁)ဦး သေဆုံးခဲ့ရပြီး အုပ်ချုပ်ရေးမှူးများက လူပေါင်း (၂ ဒသမ ၁၆ သိန်း)ခန့်ကို မြေနိမ့်ပိုင်းနေရာများမှ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အနောက်ဘင်္ဂလားပြည်နယ် ၀န်ကြီးချုပ် Mamata Banerjee ကပြောဆိုသည်။

အနောက်ဘင်္ဂလားပြည်နယ်၊ Patharpratima တွင် လူတစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း ၄င်း က ဆက်လက် ပြောဆိုသည်။

"အခုဖြစ်ပွားခဲ့ရတဲ့ သဘာဝဘေးဒဏ်ကြောင့် လူတစ်ဦးသာ သေဆုံးခဲ့ရပါတယ်။ သေဆုံးသူဟာ အမျိုးသား ဖြစ်ပြီး၄င်းဟာ လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ လုပ်ငန်းအချို့ကိုလုပ်ဆောင်နေစဉ် သူ့ရဲ့အိမ်မှာဘဲ ဓါတ်လိုက်ပြီး သေဆုံးသွားခဲ့ရတာပါ။သူက အတော်ကံဆိုးပါတယ်။ လိုအပ်ရင် ကျွန်မတို့ (ပြည်နယ်အစိုးရ) ကသူ့ရဲ့ မိသားစုကိုပံ့ပိုး ကူညီပေးသွားမှာပါ” ဟု Banerjee က ပြောဆိုခဲ့သည်။

မကြာသေးမီက ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ စစ်တမ်း ကောက်ယူခဲ့သည့်အတိုင်း ယခုဖြစ်ပွားခဲ့သည့်ဆိုင်ကလုန်း ဒါနကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို သိရှိနိုင်ရန်အတွက် လယ်မြေများကို ထပ်မံစစ်တမ်းကောက်ယူရန် ၊ ကယ်ဆယ်ရေးပစ္စည်းများကို ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်သူများထံ ရောက်ရှိစေရန် ၄င်းက ညွှန်ကြားခဲ့သည်။


ဆိုင်ကလုန်းမုန်တိုင်း“ဒါန”သည် အောက်တိုဘာ(၂၅)ရက် ကအိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ဖြတ်ကျော်ခဲ့ပြီးအိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် ကုန်းတွင်းပိုင်းဒေသများသို့ ၀င်ရောက်ခဲ့ကာ အားလျော့ သွားခဲ့ ကြောင်းသိရသည်။ Source/ The Economic Times

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!