သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

(၁၆) ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲထီဆု စစ်တွေမြို့မှ ဆွတ်ခူး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.7k

မာန်ယုကျော် ၊ အိမ်စိုးဖြူ

စစ်တွေ၊ ဇွန် ၁ / ၂ဝ၂ဝ

ယနေ့ ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်လိုက်သည့် (၁၆) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဆွတ်ခူးသွားသည်။

စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် ငပိန်လမ်းနေ ဦးအောင်ဆန်းဝင်းနှင့် ဒေါ်မေကြီးဖြူတို့၏ သမီး မကြည်ဖြူစင်သိန်းက ဃ ၃၁၃၁ဝ၂ ဂဏန်းဖြင့် သိန်းတစ်သောင်းခွဲထီဆုကြီးကို ဆွတ်ခူးရရှိသွားခြင်းဖြစ်သည်။

"အခုလို ထီဆုကြီးပေါက်လို့ အတိုင်းမသိ ပျော်မိပါတယ်။ အလှူတွေ လုပ်သွားမယ်။ စစ်ဘေးရှောင်တွေကိုလည်း လှူသွားမယ်။ ထီကိုယ်စားလှယ်ကိုလည်း ကားတစ်စီးဝယ်ပေးဖို့ စိတ်ကူးထားပါတယ်။"ဟု မကြည်ဖြူစင်သိန်း၏ မိခင် ဒေါ်မေကြီးဖြူက နိရဥ္စရာသို့ပြောသည်။

ထီပေါက်ကြောင်းကို ထီကိုယ်စားလှယ်က လာရောက်အကြောင်းကြားလာခြင်းဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။

ထီပေါက်သည့် မကြည်ဖြူစင်သိန်းသည် ရွာကြီးကျောင်းမူလွန်ကျောင်းတွင် တတိယတန်းကို ဖြေဆိုထားသူဖြစ်သည်။

ဒေါ်မေကြီးဖြူတို့သည် မေလ လဆန်းပိုင်းတွင် တွန်းလှည်းဖြင့်လည်၍ ရောင်းချသည့် ထီးကိုယ်စားလှယ်ထံမှ ထီ ၅ စောင်တွဲကို သမီးဖြစ်သူအမည်ဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

ထီပေါက်သည့် မကြည်ဖြူစင်သိန်း၏ ဖခင်သည် သုံးဘီးဆိုင်ကယ်မောင်းပြီး မိခင်ဖြစ်သူမှာ အိမ်တွင် ကြက်ဥနှင့် မုန့်တီဖတ်ရောင်းချကြကြောင်း သိရသည်။ သူတို့မိသားစုတွင် မုန့်တီဖတ်လုပ်သည့်ဖိုတစ်ခုရှိသည်ဟုလည်း သိရသည်။

၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည့် ကျပ်သိန်းတစ်သောင်းထီဆုကြီးကိုလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နာရီစင်အနီးတွင် နေထိုင်သူ ဦးစံရွှေခိုင်က ဆွတ်ခူးခဲ့ဖူးသည်။


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!