အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ယူကရိန်အား ကျူးကျော်စစ်ဆင်နွှဲနေသည့်ရုရှားကကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

နိရဉ္စရာ၊ ဧပြီ ၂/ ၂၀၂၃  

 

ယူကရိန်းနိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်ဟု သတင်းရရှိသည်။

 

အမေရိကန်၊ရုရှား၊တရုတ်၊ပြင်သစ်၊ဗြိတိန် ကုလလုံခြုံရေးကောင်စ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ အပါအဝင်  ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီတွင် တစ်နိုင်ငံလှည့်ကျ တစ်လတာ ဥက္ကဋ္ဌ တာဝန်ယူရခြင်းဖြစ်သည်။

 

ရုရှား၏ အလှည့်ကျဥက္ကဌတာဝန်မှာဧပြီလ(၁)ရက်မှ (၃၀)ရက်နေ့အထိဖြစ်သည်။

 

သာမန်အခြေအနေမှာ မထူးဆန်းလှသော်လည်း ယူကရိန်းနိုင်ငံအား ကျူးကျော်သိမ်းပိုက်ပြီး စစ်ပွဲဆင်နွှဲနေသော နိုင်ငံတစ်နိုင်ငံက လုံခြုံရေးကောင်စီဥက္ကဋ္ဌဖြစ်လာခြင်းမှာ ထူးဆန်းမှုတစ်ခု ဖြစ်နေသည်။

 

တိုက်ဆိုင်စွာပင် ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းနယ်မြေထဲသို့ ရုရှားတင့်ကားများ ဝင်ရောက်သွားခဲ့စဉ်ကလည်း ရုရှားသည် လုံခြုံရေးကောင်စီ တွင် ဥက္ကဋ္ဌ တာဝန်ယူနေခိုက်ဖြစ်သည်။

 

ထိုစဉ်က ယူကရိန်းသမ္မတ ဇီလန်းစကီးက နိုင်ငံတစ်ခုကို အခြားနိုင်ငတစ်ခုက ပေါ်ပေါ်ထင်ထင် ကျုးကျော်ဝင်ရောက်သည်ကို ဟန့်တားနိုင်စွမ်းမရှိသည့် လုံခြုံရေးကောင်စီကို ဖျက်ပစ်လိုက်ပါတော့ဟု ပြောဆိုခဲ့သည်။

 

ပို၍ ထူးခြားမှုတစ်ခုမှာ ကုလလုံခြုံရေးကောင်စီတွင် ဥက္ကဋ္ဌ ဖြစ်လာသူက နိုင်ငံတကာ ရာဇဝတ်ခုံရုံး(အိုင်စီစီ) တွင် စစ်ရာဇဝတ်မှုကျူးလွန်မှုဖြင့် အလိုရှိနေသူ ဖြစ်နေခြင်း ဖြစ်သည်။

 

အိုင်စီစီသည် ကုလလက်အောက်ခံမဟုတ်သလို ရုရှားကလည်းအဖွဲ့ဝင်မဟုတ်သည့်အတွက် အရေးယူ၍ မရပေ။ ယခုကဲ့သို့ ရုရှက လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဖြစ်လာသည့်အပေါ် ယူကရိန်းက အပြင်းအထန် ဝေဖန်ကန့်ကွက်လျှက်ရှိသည်။

 

အမေရိကန်၊ရုရှား၊တရုတ်၊ပြင်သစ်၊ဗြိတိန်တို့သည် ကုလလုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများသည် မဲစနစ်ဖြင့် ရွေးချယ်ထားသည့် တစ်ခြား အဖွဲ့ဝင် (၁၀) နိုင်ငံနှင့်အတူ  ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျ ထမ်းဆောင်ကြရသည်။

 

NN-27/Photo- internet

 ref:Reuters

ဆက်စပ် သတင်းများ