ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ကမ္ဘာကျော် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီ အမေရိကန်ကလပ်တစ်ခုဖြစ်သော အင်တာမီယာမီသို့ ပြောင်းရွှေ့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 227

နိရဉ္စရာ၊ ဇွန် ၈/၂၀၂၃ (နိုင်ငံတကာအားကစား)

ကမ္ဘာကျော် အာဂျင်တီးနားတိုက်စစ်မှူး လိုင်ယွန်နယ်မက်ဆီသည် အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီလန်သို့ ပြောင်းရွှေ့ကစားတော့မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က တရားဝင်ထုတ်ဖော် ပြောကြားလိုက်သည်။

ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့မည့် မက်ဆီ၏ အပြောင်းအရွှေ့မှာ ရာနှုန်းပြည့် သဘောတူညီမှု မရသေးဟုလည်း သိရသည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ခုနစ်ကြိမ်ရရှိထားသော မက်ဆီ၏ ပြောင်းရွှေ့မှုမှာ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲကို လူကြိုက်များလာအောင် ဆွဲဆောင်မှုပေးနိုင်မည်ဟု ဆိုသည်။

မေဂျာလိဂ်ကလပ် အင်တာမီယာမီမှာ အင်္ဂလန်ကိုယ်စားပြု အားကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်သော ကလပ်အသင်းတစ်သင်းဖြစ်ပြီး မက်ဆီကလည်း တစ်ချိန်တွင် ဘက်ဟမ်းကဲ့သို့ ကလပ်အသင်းပိုင်ရှင်ဖြစ်လာရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ဒေးဗစ်ဘက်ဟမ်းသည် ၂၀၀၇ ခုနှစ်က ရီးရဲလ်မက်ဒရစ်မှ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီ သို့ ပြောင်းရွှေ့ရောက်ရှိခဲ့သည်။

ပရိသတ်များအကြားရေပန်းစားသည့် ဘက်ဟမ်း နှင့် ဇနီးသည် ဗစ်တိုးရီးယား ဘက်ဟမ်းတို့ မေဂျာလိဂ်သို့ ပြောင်းရွှေ့လာသည့်အတွက် ပရိသတ်များ အထူးစိတ်ဝင်စားခဲ့ပြီး မေဂျာလိဂ်ကို လူသိများလာခဲ့သည်။

ပြင်သစ်ကလပ် ပဲရစ် စိန့်ဂျာမိန်း ( ပီအက်စ်ဂျီ) နှင့် လမ်းခွဲပြီး အလွတ်ပြောင်းရွှေ့လာမည့် မက်ဆီမှာလည်း ဘက်ဟမ်းတို့နည်းတူ မေဂျာလိဂ်ကို ထူးခြားမှုများ ဖြစ်ပေါ်စေမည်ဟုဆိုသည်။

" သူဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံးနဲ့ အကောင်းဆုံးဘောလုံးသမားတစ်ဦးပါ။ သူရောက်လာတဲ့ အတွက် ဆွဲဆောင်မှု ပိုရှိလာမှာဖြစ်သလို အကောင်းဆုံး တွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ကြရမှာပါ" ဟု အမေရိကန် ကစားသမားဟောင်း အဲရစ်ဝိုင်နယ်လ်ဒါ က ဆိုသည်။

မြောက်အမေရိကသို့ မက်ဆီရောက်ရှိလာချိန်မှာ လာမည့် သုံးနှစ်အတွင်း အမေရိကတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည်ဖြစ်ရာ ဘောလုံးအားကစားနှင့် တကွ မေဂျာလိဂ်ပြိုင်ပွဲကို ပိုမို လူကြိုက်များလာစေမည်ဟု ဆိုသည်။

" ဥရောပလိဂ်ပြိုင်ပွဲတွေနဲ့ယှဉ်ရင် မေဂျာလိဂ်က နာမည်မကြီးပါဘူး။ အမေရိကန်က ဘောလုံးစိတ်ဝင်စားတဲ့ ပရိသတ်တွေက ဘောလုံးပွဲကောင်း ကြည့်ချင်ရင် ဥရောပ ဘောလုံးပြိုင်ပွဲတွေကိုပဲ ကြည့်ကြတယ်။ မေဂျာလိဂ်ကို ဘယ်သူမှ မကြည့်ကြဘူး။ ခု မက်ဆီရောက်လာတဲ့အတွက် မေဂျာလိဂ်အပေါ် ရိုက်ခတ်မှုတစ်ခု ရှိလာမှာပါ" ဟု စမစ်ကောလိပ်မှ ပါမေက္ခ နှင့် အားကစား စာရေးဆရာ အင်ဒရူး ဇင်ဘာလစ် က ဆိုသည်။

NN- 27
ref:The Daily Star.

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!