ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

တောင်တရုတ်ပင်လယ်တွင် အာဆီယံနိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မည် ( မြန်မာစစ်ကောင်စီပါ ပါဝင်မည်ဟု အင်ဒိုနီးရှားဆို)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 302

နိရဉ္စရာ၊ ဇွန် ၉/၂၀၂၃ (နိုင်ငံတကာ)

လာမည့် စက်တင်ဘာလအတွင်း တောင်တရုတ်ပင်လယ်ပြင်တွင် အာဆီယံ(၁၀)နိုင်ငံက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ဇွန်လ(၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် တင်းမာမှု တိုးပွါးလာနေစဉ် ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
“ မြောက်နာတူနာပင်လယ်မှာ ကျွန်တော်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ပါမယ်” ဟု အင်ဒိုနီးရှား စစ်ဦးစီးချုပ် ယူဒို မာဂါနိုက ဘာလီတွင် ကျင်းပသည့် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာဏာသိမ်း မြန်မာစစ်ကောင်စီနှင့် အပါအဝင် စစ်ရေးလေ့ကျင်မှုတွင် အာဆီယံ ဆယ်နိုင်ငံလုံးက ပါဝင်ပြီး လာမည့်စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည်ဟု မာဂါနိုက ဆိုသည်။

သမုဒ္ဒရာရေကြောင်း လုံခြုံရေးနှင့်ကယ်ဆယ်ရေးကို အဓိကထားပြီး လေ့ကျင့်မည်ဖြစ်ကာ တိုက်ခိုက်ရေး လေ့ကျင့်မှု မပါဝင်ဟု မာဂါနိုက ဆက်လက်ပြောကြားသည်။

“ အာဆီယံကို ဗဟိုပြုတဲ့ လေ့ကျင့်မှုပါ” ဟု နာဂါနိုက ဆိုသည်။

အာဆီယံနိုင်ငံများနှင့် အမေရိကန်တို့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု ယခင်က ပြုလုပ်ခဲ့သော်လည်း ယခုတစ်ကြိမ်မှာ အာဆီယံနိုင်ငံများချည်း ပါဝင်သော စစ်ရေးလေ့ကျင့်မှုဖြစ်သည်။ NN-27

Ref:CNA
ပုံစာ- ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်နှင့် အာဆီယံ AUMX ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နှင့် ထိုင်းရေတပ်သင်္ဘောများ ပူးတွဲစစ်ရေးလေ့ကျင့်နေပုံ/ ဓာတ်ပုံ- Twitter

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!