တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ ရာထူးမှ ဖယ်ရှားခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 580

(သုံးလအတွင်း ဒုတိယမြောက် ဖယ်ရှားခံရသည့် တရုတ်ထိပ်တန်းခေါင်းဆောင်ဖြစ်လာ)

 တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ အား ရာထူးမှဖယ်ရှားလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံက အောက်တိုဘာလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

လီရှန်းဖူအား ကာကွယ်ရေးဝန်ကြီး နှင့် နိုင်ငံတော်ကောင်စီဝင်အဖြစ်မှပါ ဖယ်ရှားလိုက်သည်ဟု ဖော်ပြထားသည်။

 

ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ ထုတ်ပယ်ခံရခြင်းမှာ သုံးလအတွင်း ဒုတိယမြောက် တရုတ်ထိပ်တန်းခေါင်းဆောင် တစ်ဦး ရာထူးမှ ဖယ်ရှားခံရခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဇူလိုင်လကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂမ် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

 

အင်္ဂါနေ့က ထုတ်ပြန်သောကြေညာချက်တွင် ချင်ဂမ်ကိုပါ နိုင်ငံတော်ကောင်စီဝင်အဖြစ်မှ ဖယ်ရှားလိုက်သည်ဟု ဖော်ပြထားသည်။

 

တရုတ်ထိပ်တန်းခေါင်းဆောင်နှစ်ဦးဖယ်ရှားမှုကို တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီက အတည်ပြုခဲ့သည်။

 

လီရှန်းဖူအား မည်သည့်အကြောင်းကြောင့် ဖယ်ရှားသည်ကို ရှင်းလင်းတင်ပြထားခြင်းမရှိသလို ၄င်း၏ နေရာတွင် မည်သူ့ကို အစားထိုးခန့်အပ်သည်ကိုလည်း ဖော်ပြမထားပေ။

 

ထို့ကြောင့် လာမည့် အောက်တိုဘာ ၂၉ မှ ၃၁ရက်နေ့အထိ ဘေဂျင်းတွင်ပြုလုပ်မည့် ပြည်ပ ကာကွယ်ရေးအရာရှိများ ဖိုရမ် ကို တရုတ်ကာကွယ်ရေးဝန်ကြီး မပါဝင်ဘဲ ကျင်းပရမည်ဖြစ်သည်။

 

သိပ္ပံ နှင့် နည်းပညာဝန်ကြီး ဝမ် ကျီဂန် နှင့် ဘဏ္ဍာရေးဝန်ကြီး လျူခွန် တို့ကိုလည်း ရာထူးမှ ဖယ်ရှားခဲ့ကြောင်း တရုတ် CCTV သတင်းဌာနက ကြေညာသည်။

 

NN-27

ref:CNA

ဆက်စပ် သတင်းများ