ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

မြောက်ကိုရီးယားသည် နျူကလီးယားထုတ်လုပ်နိုင်သည့် ယူရေနီယံ သန့်စင်ထုတ်လုပ်သည့်နေရာကို ပထမဆုံးထုတ်ဖော်ပြသ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 402

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၃/၂၀၂၄

မြောက်ကိုရီးယားသည် နျူကလီးယားထုတ်လုပ်နိုင်သည့် ယူရေနီယံ သန့်စင်ထုတ်လုပ်သည့်နေရာကို ပထမဆုံးထုတ်ဖော်ပြသလိုက်ကြောင်း ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် နျူကလီးယားထုတ်လုပ်နိုင်သည့် ယူရေနီယံ သန့်စင်ထုတ်လုပ်သည့် စက်ရုံကို စက်တင်ဘာ(၁၃)ရက်က သွားရောက်ကြည့်ရှုခဲ့ပြီး နျူကလီးယား လက်နက်များကို တိုးမြှင့် ထုတ်လုပ်ပေး ဖို့ တောင်းဆိုသွားခဲ့သည်။

ကင်ဂျုံအွန်သည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် နျူကလီးယားလက်နက်သည် အရေးကြီးသည်ဟု ပြောကြားပြီး နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ ပိုမိုထုတ်လုပ်ရန် ၊နျူကလီးယားအင်အားကို ထူထောင်နေသည့် ပါတီ၏ မူဝါဒကို အကောင်အထည် ဖော်ရန် ကင်မ်က တိုက်တွန်းပြောဆို ခဲ့သည်။

"မိမိကိုယ်ကို ခုခံကာကွယ်ရန်နှင့် ကြိုတင်လက်ဦးမှုရယူ ပြီးတိုက်ခိုက်ရန် အတွက် နျူကလီးယား လက်နက်များ လိုအပ်သည်" ဟု ၎င်းက ပြောဆိုခဲ့သည်။

ကင်ဂျုံအွန်သည် နျူကလီးယားလက်နက်များကို အဆမတန်တိုးမြှင့်ထုတ်လုပ်ရန်နှင့် လက်နက်အဆင့် နျူကလီးယား ပစ္စည်းများ ထုတ်လုပ်မှုကို ပိုမိုအားကောင်းစေရန် centrifuge အမျိုးအစားသစ်ကို တိုးချဲ့အသုံးပြုရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် ယူရေနီယံ သန့်စင်ထုတ်လုပ်ရန်အတွက် နေရာများစွာ ရှိသည်ဟု ယုံကြည်ရသည်။

ဂြိုလ်တုဓာတ်ပုံများအရ ၎င်း၏ ယူရေနီယံ သန့်စင်ရေး စက်ရုံ အပါအဝင် ပင်မ Yongbyon Nuclear Scientific Research Center တည်ဆောက်မှုကို ဂြိုလ်တုဓာတ်ပုံများတွင်တွေ့ရှိခဲ့ရ သည်။ Source/Reuters

ဆက်စပ် သတင်းများ