ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဥရောပအလယ်ပိုင်းတွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုများဖြစ်ပွား၍ လူ(၁၉)ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 272

ဂျွန်နသန်၊ စက်တင်ဘာ ၁၈/ ၂၀၂၄ (နိုင်ငံတကာ)

ဥရောပအလယ်ပိုင်းတွင် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့်လူ(၁၉)ဦး သေဆုံးခဲကြောင်း အေပီသတင်းဖော်ပြချက်အရသိရ သည်။

ဥရောပအလယ်ပိုင်းဒေသနိုင်ငံများဖြစ်ကြသည့်ဩစတြီးယား၊ ရိုမေးနီးယား၊ ပိုလန်နှင့် ချက်သမ္မတ နိုင်ငံတို့တွင် ပြီးခဲ့သည့်သီတင်းပတ်နှောင်းပိုင်းမှစတင်၍တိုက်ခတ်ခဲ့သည် ဘောရစ်မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၉) ဦး သေဆုံးခဲ့သည်။

ပိုလန်နိုင်ငံ၊ Nysa မြို့အနီးရှိ ရေကန်နှင့်မြို့ကို ပိုင်းခြားထားသည့် တာတမံတစ်ခု ကျိုးပေါက်မည့် အခြေအနေရှိနေသည့်အတွက် ဒေသခံ ၄၄,၀၀၀ ကို ရေလွတ်ရာ မြင့်မားသည့်အရပ်ဆီရွှေ့ပြောင်းခဲ့ကြရသည်ဟု အာဏာပိုင်များကစက်တင်ဘာ၁၇ရက်တွင် ပြောဆိုခဲ့သည်။

ပိုလန်ဝန်ကြီးချုပ် Donald Tusk သည် စက်တင်ဘာ (၁၅)ရက်က နိုင်ငံတွင်သဘာဝ ဘေးဒဏ် သင့်သည့် အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ပြီး ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့် လူမှုအသိုင်းအဝိုင်းများ အတွက် ဒေါ်လာ သန်း (၂၆၀ )ကျော်ခွဲဝေချထားပေးခဲ့သည်။

ရေကြီးမှုကြောင့် ပိုလန်ရှိ ရထားလမ်းကြောင်းအများအပြားကို ဆိုင်းငံ့ထားရပြီး ဥရောပအလယ်ပိုင်းရှိ ကျောင်းများနှင့် ရုံးအဆောက်အအုံများကို စက်တင်ဘာ(၁၇)ရက်က ပိတ်ထားခဲ့ရသည်။

ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုများကြောင့် ပိုလန်နှင့် ချက်သမ္မတနိုင်ငံ တို့တွင် ဒေသခံပြည်သူများကို စက်တင်ဘာ(၁၆)ရက် က ဘေးလွတ်ရာများသို့ အလျင်အမြန် ရွှေ့ပြောင်းပေး ခဲ့ရသည်။

ချက်သမ္မတနိုင်ငံနှင့် ပိုလန်နိုင်ငံတို့ကြားတွင် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တံတားအချို့ပြိုကျကာ ကားများနှင့် နေအိမ်များ ပျက်စီးခဲ့ရသည်။

ချက်နိုင်ငံရှိ Litovel မြို့ တွင် စက်တင်ဘာ(၁၆)ရက် က ရေအမြင့် တစ်မီတာ (၃.၂ ပေ) အထိ မြင့်တက်လာခဲ့ပြီး ၊ မြို့၏ (၇၀) ရာခိုင်နှုန်းရေ နစ်မြုပ်ခဲ့ရာ ဒေသခံများကို စိုးရိမ်ပူပန်မှုများဖြစ်စေခဲ့သည်။

" အိမ်ထဲရေတွေ၀င်လာလို့ ကျွန်မ အရမ်းကြောက်နေခဲ့ရပါ တယ်.။ ရေတွေ အရမ်း တက်လာ တာကြောင့် ကျွန်မလည်းအိမ်ထဲကနေ ထွက်ပြေးခဲ့တယ်" ဟု ဒေသခံတစ်ဦးဖြစ်သူ အသက်( ၃၉)နှစ်ရှိ Renata Gaborova မှ ပြောဆိုခဲ့သည်။

ချက်နိုင်ငံအရှေ့မြောက်ပိုင်း Ostrava မြို့တွင် Odra မြစ်နှင့် Opava မြစ်ဆုံရှိ ရေကာတာ ကျိုးပျက်မှုကြောင့် စက်မှုဇုန် ဧရိယာကို ရေလွှမ်းမိုးခဲ့ပြီး စက်ရုံများရေနစ်မြုပ်ခဲ့ရသည်။

လူရာပေါင်းများစွာကိုလည်း လူနေရပ်ကွက်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

Source/AP/ Bdnews24

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!