သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအပါအဝင် ပါတီဗဟိုကော်မတီဝင်၄ ဦးကို NLDမှ ထုတ်ပယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

နိရဥ္စရာ၊ မတ် ၃/ ၂၀၂၃

 

ဦးဖြိုးမင်းသိန်းဒေါ်စန္ဒာမင်း အပါအဝင် ပါတီ ဗဟိုကော်မတီဝင် (၄) ဦးကို ထုတ်ပယ်လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ယနေ့ မတ်လ ၃ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

 

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန် သက်သေထွက် ဆိုခြင်း၊ ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီမူဝါဒကို ဆန့်ကျင် လုပ်ဆောင်နေသည့် အတွက် ထုတ်ပယ်ခြင်း ဟု ဖော်ပြပါရှိသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးမင်းသိန်း  ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းတို့နှင့် အတူ နောက်ထပ် ထုတ်ပယ်ခံရသည့် ဗဟိုကော်မတီဝင် (၂)ဦးမှာ  ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင်ဆိုသူတို့ ဖြစ်ကြသည်။  

 

စစ်ကောင်စီမှ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုဖြင့် တရားစွဲထားသည့် အမှု (၁)မှုတွင် ဦးဖြိုးမင်းသိန်းက စစ်ကောင်စီ၏ သက်သေအဖြစ် ထွက်ဆိုခဲ့သည်။

 

NLD လက်ထပ်တွင် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဒေါ်စန္ဒာမင်းသည် ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)က တိုင်းလွှတ်တော် အမတ်ဟောင်းတစ်ဦးဖြစ်သည်။

 

ဓာတ်ပုံ - NLD ထုတ်ပြန်ချက်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!