အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများရှိနေသည့် မြန်မာနိုင်ငံကို မေ့ပျောက်မထားဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 163

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၂၄

အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများရှိနေဆဲဖြစ်သည့် မြန်မာနိုင်ငံကို မေ့ပျောက်မထားဖို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်သည်။

"စစ်ပွဲတွေက နေရာတိုင်းမှာ ဖြစ်ပွားလျက်ရှိနေပါတယ်၊ မြန်မာနိုင်ငံအကြောင်းကိုလည်း သတိရမိပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး သုံးနှစ်အကြာမှာ အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို မေ့ပျောက်မထားဖို့ ကျွနုပ်တို့က တောင်းဆိုပါတယ်" လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။

ဗာတီကန်၊ စိန့်ပီတာရင်ပြင် တွင် ယမန်နေ့က ကျင်းပခဲ့သည့် ဝတ်ပြုဆုတောင်းပွဲတွင် ယူကရိန်းစစ်၊ ဂါဇာစစ် ပွဲများနှင့် အတူ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို မေ့ပျောက်မထားကြရန် ပုပ်ရဟန်းမင်းကြီးကအထပ်ပါအတိုင်း ပြောကြားခဲ့သည်။

"စစ်ပွဲတွေမှာ အလွန်ဒုက္ခရောက်ခဲ့ကြတဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမေတွကို မမေ့ကြပါနဲ့။  ငြိမ်းချမ်းရေးအတွက် အတူတကွ ဆုတောင်းကြပါစို့” ဟု ပုပ်ရဟန်းမင်းကြီးက ထပ်လောင်းပြောကြားခဲ့သည်။
Source/ www.asianews.it

ဆက်စပ် သတင်းများ