ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်လွတ်တော်သည် မြန်မာနယ်စပ်အခြေအနေပိုမိုဆိုးရွားလာမည်ကို စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၉/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိစပ်နေသည့် မြန်မာနိုင်ငံနယ်စပ်တွင် လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှု အခြေအနေများသည် လာမည့်မေလတွင်  ပိုမိုဆိုးရွားလာဖွယ်ရှိနေကြောင်း ယမန်နေ့က ဘင်္ဂလားဒေ့ရှ် လွတ်တော်ကော်မတီသို့ ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းသည့် အစီရင်ခံစာတွင်  သတိပေး ဖော်ပြထားသည်ဟု သိရသည်။

 

၄င်းအကျိုးဆက်အနေဖြင့် မြန်မာနှင့် ဆက်စပ်နေသည့်  င်ဒရိုဘင် (ရွာတော်ခရိုင်) ှင့် ကော့စ်ဘဇား (ဖလောင်းချိတ်ခရိုင်) တို့ နယ်စပ် အခြေအနေများမှာ ပိုမိုဆိုးရွားလာပြီး မွတ်ဆလင်များအပါအဝင် မြန်မာနိုင်ငံသားများသည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ၀င်ရောက်ဖို့ ကြိုးပမ်းလာနိုင်သည်ဟု ဆိုသည်။  

 

တနင်္လာနေ့က  လွှတ်တော်အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ကော်မတီ အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အစီရင်ခံစာထဲတွင် ခုလို စိုးရိမ်ထိတ်လန့်မှုရှိခဲ့သည်ကို  ဖော်ပြခဲ့သည်။

 

ထိုအစည်းအဝေးတွင်  တင်သွင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် အခြေအနေဆိုင်ရာ အစီရင်ခံစာ တွင် တက္ကနက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်  ဒေသတွင် ပဋိပက္ခအခြေအနေမှာ  ၂၀၂၄ ခုနှစ် မေလမှာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း လွှတ်တော် အရာရှိများက New Age သတင်းဌာနကို အတည်ပြုပြောကြားခဲ့ကြောင်းဖော်ပြထားသည်။  

 

ယင်းအကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံက မွတ်ဆလင်များနှင့်  မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည်  ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုတွေ ပိုတိုးမြင့်လာနိုင်သည်ဟု အစီရင်ခံစာတွင်  ဖော်ပြထားသည်။  

 

အစီရင်ခံစာထဲတွင်  မြန်မာနယ်စပ်တလျှောက် ဆိုးရွားလာမှုကြောင့် ဘင်္ဂလားဒေ့ရှ် ရင်ဆိုင်နေရသည့် န္တရာယ်များကိုလည်း မီးမောင်းထိုးပြထားသည်ဟုဆိုသည်။

 

ထို့တူ အာရက္ခတပ်တော် Arakan Army (AA) သည်  ဒေသခံ တိုင်းရင်းသား အသိုင်းအဝိုင်းများနှင့်  ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး၊ စစ်တကောင်းတောင်တန်းဒေသ မတည်မငြိမ်ဖြစ်ရန် ကြိုးပမ်းနိုင်သည်ဟုလည်း  အစီရင်ခံစာ ဖော်ပြထားသည်။  

 

လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ဝင်များအားလုံး တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးများကို  ပိုမိုသတိရှိရှိ ဆောင်ရွက်ရန် လွှတ်တော်ကော်မတီ ( JS) က အကြံပြုထားသည်။

 

Source/New Age

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!