သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ချင်းပြည် မတူပီမှ သိမ်းဆည်းရမိသည့် လေယာဉ်ပစ်စက်သေနတ်ကြီးတွေ အပါအဝင် လက်နက်များကို ချင်းညီနောင် ခင်းကျင်းပြသ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 259

နိရဉ္စရာ၊ ဇူလှိုင် ၂/၂၀၂၄ 

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)၏  မတူပီမြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ မတူပီအခြေစိုက်ဗျူဟာနှင့် ခမရ (၃၀၄)၊ ခလရ(၁၄၀)တို့ကို သိမ်းပိုက်ခဲ့သည်။

၎င်းတပ်ရင်းများမှ  ဟောင်ဝပ်ဇာအမြောက်၊ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီးနှစ်လက်၊ အခြားလက်နက်ကြီး လက်နက်ငယ်များနှင့်အတူ ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရမိခဲ့သည်။

၎င်းလက်နက်များကို မိဘပြည်သူများ သိရှိနိုင်ရန်အတွက် ထုတ်ဖော်ပြလာသည်။ 


ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများကိုလည်း ထပ်မံထုတ်ပြန်ကြေညာသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ၏ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း အမှတ် (၃၀၄) ခြေမြန်တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့တွင်လည်းကောင်း၊ ချင်းပြည်နယ်တောင်ပိုင်းတွင် အကြီးဆုံးဖြစ်သည့် မတူပီ အခြေစိုက် ဗျူဟာနှင့် ခလရ (၁၄၀) တပ်ရင်းတို့အား ဇွန် ၂၉ ရက်နေ့တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

လက်ရှိ ချင်းပြည်နယ်ရှိ မတူပီမြို့မှာ ချင်းညီနောင် လက်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်ဟု သိရသည်။



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!