စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ် သိမ္ဘလရွာမှ လူနေအိမ် ၄ ဆောင်ကို ဖယ်ရှားရန်ညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 2.5k

အောင်လင်းထွန်း

နိရဉ္စရာ၊ မေလ ၁၁/၂၀၂၁

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သိမ္ဘလကျေးရွာမှ နေအိမ် ၄ ဆောင်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ အပြီးသတ်ဖယ်ရှားပေးရန် အကြောင်းကြားစာ ပေးပို့ထားသည်ဟု သတင်းရရှိသည်။

 

၎င်းအိမ်များမှာ ဦးရွှေအိုး၊ ဦးဇင်မင်းအောင်၊ ဦးမောင်ဖြူ၊ ဦးမောင်သငယ်တို့ ပိုင်ဆိုင်သော အိမ်များဖြစ်ပြီး ပင်ကမ်းခြေအနီးတည်ဆောက်ထားသည့် အိမ်များဖြစ်ကြောင်း သိရသည်။

 

ဦးဇင်မင်းအောင်၏ဇနီးဖြစ်သူ ဒေါ်ရွှေဇင်ဝင်းကအဲဒီမြေကို ကျူးကျော်မြေမှာ အိမ်ဆောက် နေတယ်ဆိုပြီးတော့ ပြောတယ်။ ကျူးကျော်မြေဖြစ်ရအောင် အခုခြံခတ်၊ အခုအိမ်ဆောက် ထားတာမဟုတ်ဘူး။  ကျွန်မတို့ အမေ အဖေတို့နေခဲ့တဲ့ခေတ်က ကောင်စီခေတ်ပါ အဲဒီခေတ်က အိမ်ဆောက်နေခဲ့တာပါ အဲဒီအချိန်တုန်းက အခမဲ့ရခဲ့တဲ့မြေမဟုတ်ပါ ဝယ်ပြီး အိမ်ဆောက်နေခဲ့တာပါဟု  နိရဉ္စရာတင်းဌာနသို့ပြောသည်။

 

၎င်းနေအိမ် ၄ ဆောင်ကို ဖယ်ရှားရန်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ  အကြောင်းကြားစာ လေးကြိမ်တိတိ ပို့ပေးခဲ့ပြီ ဖြစ်ကြောင်း၊   မတ်လအတွင်းအပြီးသတ်ဖယ်ရှားပေးရန် အကြောင်းကြား ထားသော်လည်း အိမ်ပြောင်းရွှေ့ရန်မှာ အခက်အခဲများစွာရှိသဖြင့် မပြောင်းရွှေ့နိုင်ဘဲ ဖြစ်နေကြောင်း သူမက ပြောဆိုသည်။

 

ကျွန်မတို့လဲ အသနားခံပါတယ်။ လောလောဆယ် ပြောင်းရွေ့ရမယ်ရင် ဘယ်ငွေနဲ့ ဘယ်မြေကို ဝယ်ပြီး ပြောင်းရွှေ့ရမှာလဲ။ ဒီလောက် အကျပ်အတည်းကာလမှာ တတ်နိုင်သလောက် ထောက်ပံ့ကြေးပေးတယ်ဆိုရင် တမျိုး၊ ကျွန်မတို့အနေနှင့် ပြောင်းရွေ့ဖို့မတတ်နိုင်ဘူး။ ကျပ်တည်းတဲ့အခါ သူတို့အဲလိုမျိုး အမိန့်ာပေးလာရင် ကျွန်မတို့ စိတ်ဆင်းရဲရတယ်။ ကြောက်လာတယ် ထပ်မံပြောကြားသည်။

 

အိမ်ဖယ်ရှားရန် စာထုတ်သူ မ္ဘလကျေးရွာအုပ်ချုပ်ရေးမှူးကို နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ၎င်းက နဂိုကဘယ်သူကလုပ်ထားတယ်။ ဘယ်သူတိုင်ထားတယ် ဆိုတာမသိဘူး။ အသေးစိတ်တော့မသိဘူး ကျနော့်ဆီကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီလူတွေကို မြေရိုင်းမြေလွတ်ဖြစ်တဲ့အတွက် ဒီစာကိုပို့ပေးဆိုပြီးတော့ ကျနော်ဆီကို မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ စာပါလာတယ် ကျနော်ကတို့ စာဝင်လာတဲ့ နာမည်ပါတဲ့အိမ်ကို ပို့ပေးရဖို့တာဝန်ရှိတယ်။ ဒီအတွက် ပို့ပေးလိုက်တာဟု နိဥ္စရာသတင်းဌာနသို့ပြောသည်။ 

 

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားစာအထဲတွင် ကွင်းအမှတ် (၈၇၄-က)၊ ဝင်ကျွန်းကွင်း စားကျက်မြေဧရိယာ (၅၀.၀) ဧကအတွင်းမှ  (၀.၅၀) ဧက၌ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ကျူကျော်ပြီး လူနေအိမ်တည်ဆောက်ထားသဖြင့် ဖယ်ရှားပေးရန်ဟု ပါရှိသည်။

 

အဆိုပါ သိမ္ဘလကျေးရွာအနီးရှိ ပင်လယ်ကမ်းခြေမှာသာယာပြီး လက်ရှိ မြေကာလပေါက်စျေးမှာ ကြီးမြင့်နေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ