တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဂွမြို့တွင် ဖမ်းမိသည့်မူဆလင်များအနက် ၂၀ ဦးကို ထောင်ဒဏ် ၂နှစ်စီချမှတ်၊ အသက်မပြည့်သူ ၃၂ ဦးကို ပြန်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဖမ်းဆီးရမိသော မူဆလင်များအနက် လူဦးရေ ၂ဝ ကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်ပြီး အသက်မပြည့်သူ ၃၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
၄င်းတို့ ၂၀ ဦးကို လဝက ဥပဒေဖြင့် ယခုလ နိုဝင်ဘာလအစောပိုင်းတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဂွမြို့နယ် လဝက ဒုဦးစီးမှူး ဦးတင်မိုးအောင်က နိရဥ္စရာကိုပြောသည်။
"ဒီလအတွင်းကပဲ အမိန့်ချမှတ်လိုက်တာ။ ကလေးတွေကိုတော့ပြန်လွတ်ပေးလိုက်တယ်"ဟု အတည်ပြုပြောသည်။
ယခုကဲ့သို့ဖမ်းဆီးထောင်ချရခြင်းမှာ နိုင်ငံကူးလက်မှတ်မပါသောကြောင့် ဖမ်းဆီးထောင်ချရခြင်းဖြစ်သည် ဦးတင်မိုးအောင်ကပြောသည်။
ဖမ်းဆီးခံရသောသူများမှာ ဂွမြို့နယ်၊ ဗောဓိကျေးရွာအနီး ငါးသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် (၃၀/၅)အနီးတွင် အောက်တိုဘာလ ၂၁ ရက် ည ၈ နာရီခွဲခန့်က ကားတစ်စီးပေါ်မှ ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။
၎င်းကားပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကုန်ပွဲစား ကားပိုင်ရှင်တို့ ၃ ဦးနှင့်အတူ မူဆလင်အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၃၄ ဦးတို့ပါဝင်ခဲ့ပြီး ၄င်းတို့သည် ရသေ့တောင်မြို့နယ်မှ မလေးရှားနိုင်ငံသို့ထွက်ခွာလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါးကားကိုမောင်းလာသောယာဉ်မောင်းသူမှာ ထွက်ပြေးသွားပြီး လက်ရှိအချိန်ထိ ရဲများက စုံစမ်းရှာဖွေနေသည်ဟု ဂွမြို့နယ်ရဲစခန်းမှတာဂန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်မှတဆင့် ပြည်ပသို့တရားမဝင်ထွက်ခွာသည့် မူဆလင်အများအပြားကိုလည်း ဂွမြို့နယ်နယ်အတွင်း ဖမ်းဆီးရမိထားပြီး လဝကဥပဒေဖြင့် အမှုရင်ဆိုင်နေကြရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ