ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မောင်တောကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်စခန်းအပါအဝင် လှဖိုးခေါင်၊ ပြင်ဖြူ နယ်ခြားစောင့်စခန်းများကို AA ဒရုန်းများဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 880

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂ /၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြောက်ပိုင်းမှာ တည်ရှိသည့် ကျီးကန်းပြင်ယ်ခြားစောင့် ဌာနချုပ် အပါအဝင် ှဖိုးခေါင် ၊ ပြင်ဖြူ နယ်ခြားစောင့်စခန်းများကို  ဧပြီလ ၂၈ ရက် နံနက်နံနက် ၁၁ မှစပြီး အာရက္ခတပ်ော် (AA) မှ ဒရုန်းများဖြင့် စတင် တိုက်ခိုက်လျှက်ရှိနေကြောင်း မောင်တော ဒေသခံများထံမှ ိရသည်။

 

ဒေသခံတစ်ဦးက  " မနေ့ကနေ့ နံနက် ၁၁ နာရီကျော်မှာ ပြင်ဖြူစခန်းကို အေအေဖက်က ဒရုန်းနဲ့ ဗုံး ၁ လုံးချတယ် တော်တော်လေး အသံကျယ်လောင်စွာထွက်ခဲ့တယ်။ နေ့လယ်ပိုင်းမှာ နောက်ထက် ဗုံး ၂ လုံးချတယ်။ အခု ညနေပိုင်းမှာ လှဖိုးခေါင် နဲ့ ကျီးကန်းပြင်ကို ဆက်တိုက် ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက် နေတယ်လို သိရတယ်" ဟု ြောကြားသည်။

 

၎င်းစခန်းများအား အလံဖြူထောင် လက်နက်ချရန် ရာဇသံပေးထားပြီး လက်နက်ချရန်ငြင်းဆန်နေရာမှ ယခုလို ဒရုန်းများဖြင့် ဗုံးကြဲချ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းဒေသခံက ပြောဆိုသည်။

 

မောင်တောမြို့ နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် ကျီးကန်းပြင်ယ်ခြား စောင့်ဌာနချုပ်ကို ကြိမ်ချောင်း နခခ (၇) အား သိမ်းပိုက်ပြီးသည့် နောက်ပိုင်းကစပြီး အာရက္ခတပ်တော်က ဝိုင်းရံပိတ်ဆို့ထားပြီး ၎င်းဌာနချုပ်စခန်းမှာ မောင်တောနှင့် အဆက်အသွယ်များ  ပြတ်တောက်နေကြောင်း သိရသည်။



 

  ကျွန်တော်တို့ကြားတာက ကျီးကန်းပြင်ယ်ခြား စောင့်ဌာနချုပ်က လက်နက်ချမယ်ဆိုပြီး အစပိုင်းကကြားပါတယ်။ အခု ဒရုန်းနဲ့ အေအေက တိုက်တယ်ဆိုတော့ လက်နက်ချဖို့ ဖိအားပေးတာလည်းဖြစ်နိုင်တယ်။ မဟုတ်ရင် ဆက်တိုက်တော့မယ့် အနေအထားလည်း ဖြစ်နိုင်ပါတယ်ဟု တစ်ခြားဒေသခံတစ်ဦးက ပြောဆိုသည်။

 

အာရက္ခတပ်တော်သည်  မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီနယ်ခြားစောင့် စခန်းများနှင့် စစ်ဗျူဟာစခန်းများဖြစ်ကြသည့် ဒုံးညို၊ တောင်ပြိုလက်ဝဲနှင့် လက်ယာ အောင်သပြေ၊ ကြောင်နဘေ၊ ခမောင်းဆိပ်၊ တမန်းသား၊ ကြိမ်ချောင်း၂၄ ဗျူဟာ၊ ကြိမ်ချောင်း နခခ(၇)၊ ငါးခူရ၊ ရွက်ညိုတောင် စသည့် စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ထားခဲ့ပြီးသည်။


ကျန်ရှိနေသေးသည့် ကန်းပြင်ယ်ခြား စောင့်ဌာနချုပ်အပါအဝင် ှဖိုးခေါင် ၊ ပြင်ဖြူ မောင်တောမြို့ ၄ မိုင် အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၂) တို့အားလည်း  အာရက္ခတပ်တော် မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

 

မောင်တော ၄ မိုင် အနီးရှိ  ထမင်းဆိုင်များမှာလည်း တိုက်ပွဲများကြောင့်  နေရာပြောင်းရွေ့ရတော့ မည်ဖြစ်ကြောင်း စျေးဆိုင်သည်များက ပြောဆိုထားကြသည်။

 

အမျိုးသမီးစျေးဆိုင်ရောင်းသူ တစ်ဦးက  "ကျွန်မတို့က စျေးဆိုင်ရောင်းပြီး အသက်မွေး နေကြသူတွေပါ။ အခုလက်ရှိမှာဘယ်လို့မှ စျေးဆိုင်ရောင်းလို့ အဆင်မပြေတောဘူး။ ဆိုင်ရှေ့မှာ လက်နက်ကြီးလာကျတယ်။ ဒရုန်းနဲ့ လာချတောလည်း ဆိုင်အနီးမှာကျတယ်။ လူနေထိုင်ဖို့ ဘယ်လို့မှ အဆင် မပြေကြတောဘူး"ဟု ပြောဆိုသည်။

 

မောင်တောမြိူ့နယ်ရှိ နယ်ခြားစောင့် စခန်းများဖြစ်ကြတဲ့ နယ်မြေ(၆)ပြင်ဖြူစခန်း နှင့် နယ်ခြားစောင့် တပ်ဖွဲခွဲ နခခ(၁၀) လှဖိုးခေါင်စခန်းနှင့် အမှတ် (၁)ကျီးကန်းပြင်ကွပ်ကဲရေး ဌာနချုပ်အား အာရက္ခတပ်တော်မှ အချိန်မရွေး ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

 

အလားတူ ဘူးသီးတောင်​မြို့နယ်ရှိ စစ်ဗျူးဟာ ကွပ်ကဲမှုဌာနချုပ်အပါအဝင် ပ်ရင်းတပ်ဖွဲများ အားလုံးကို အာရက္ခတပ်တော်မှ ဧပြီလ၂၇ ရက်နေ့မှ စတင်ပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ