တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် တည်ဆောက်မည့် စီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်လူထုဆွေးနွေးပွဲကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ ဩဂုတ် ၂၀/၂၀၂၂

 

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်ငန်းများကြောင်းကို အများပြည်သူတို့ သိရှိနိုင်ရန် အတွက် လူထုဆွေးနွေးပွဲတစ်ရပ်ကို လာမည့် ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

 

အဆိုပါ ဆွေးနွေးပွဲကို သြဂတ်(စ်) ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၉ နာရီအထိ ကျောက်ဖြူ ဟိုတယ်နှင့် သြဂတ်(စ်)လ ၂၈ ရက်နေ့ မဒေးကျွန်း ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်ပြုလုပ်မည်ဖြစ်သည်။

 

၎င်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဒေသခံအကျိုးဆောင်များက ဖိတ်ခေါ်စာများကို ဖြန့်ဝေထားသလို မန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်း ိတ်ခေါ်ထားသည်။

 

၎င်းဆွေးနွေးပွဲတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ( စီမံကိန်းကုမ္ပဏီ)  CITIC ConsortiumHatch ( စီမံကိန်းခန့်ခွဲမှု အကြံပေး)  နှင့် MSR စီမံကိန်းအကြောင်း၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား အပေါ်  ထိခိုက်နိုင်မှုများနှင့် ထိုထိခိုက်နိုင်မှုများကို လျော့ပါးစေမည့် နည်းလမ်းများကို လေလာဆန်းစစ်ဆောင်ရွက်သွားမည့် အစီအစဉ်များအား အများပြည်သူတို့ သိရှိနိုင်ရန် ရှင်းလင်း တင်ပြသွားမည်ဟု သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကျောက်ဖြူဒေသအတွင်းက ဒေသခံများကို ဖိတ်ကြားခြင်းနှင့် ပတ်သက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကျောက်ဖြူ ဒေသ ခံ ကိုထွန်းကြည်က ကျွန်တော်တို့ကိုတော့ မနေ့က လာတွေ့တာရှိတယ်။ ဖိတ်စာလာပို့မယ်လို့ ပြောခဲ့တယ်။ သီးခြား ဖိတ် တာတော့မရှိသေးဘူးဟု ပြောသည်။

 

၎င်းဆွေးနွေးပွဲတွင် ဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှု လျော့ချရေး တို့ကို ဆွေးနွေးသွားမည်ဖြစ်သဖြင့် အဆိုပါ လုပ်ငန်းများကို ကျွမ်းကျင်သူများ၊ ဒေသခံများ၏ အကျိုးကို အလေးထား ဆောင်ရွက်နေသူများအနေဖြင့် တက်ရောက်ဆွေးနွေးသင့်သည်ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

 

၎င်းဆွေးနွေးပွဲကို Myanmar Survey Research (MSR) မှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး အစိုးရ ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ NGOs များနှင့် ဒေသခံများမှ တက်ရောက် ဆွေးနွေး အကြံပြုကြရန်လည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖိတ်ခေါ်ထားသည်။

 

ဆွေးနွေးပွဲတွင် ဘသာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း လုပ်ငန်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာစံနှုန်းများနှင့်ဖော်ပြထားသည့် အချက်များနှင့်အညီ ထိခိုက်မှုဆန်းစစ်ချက်ကို ဆွေးနွေးမည်ဟုဆိုသည်။

 

ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပုံဖော်ခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ ဘဏ္ဍာရေး၊ လုပ်ငန်း လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်းများကို ပြုလုပ်ရန် CITIC consortium Myanmar Port investment ကုမ္ပဏီနှင့် ကျောက်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ့မှုကော်မီတီ (KPS EZ-MC) တို့ ဖက်စပ်စာချုပ် ချုပ်ဆိုပြီး ကျောက်ဖြူ အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီ မီတက်ကို ၂၀၂၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

 

စာချုပ်ပါအတိုင်း မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းရေနက်ဆိပ်ကမ်း စီမံကိန်းအစိတ် အပိုင်း များ ရေနက်ဆိပ်ကမ်းရှိရာ ကျွန်းနှစ်ကျွန်းကိုဆက်သွယ်မည့် ၁၅ ကီလိုမီတာအရှည် ၄ လမ်းမောင်း လမ်းနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် စီမံကိန်း ကုမ္ပဏီကိုယ်စား သဘာဝပတ်ဝန်း ကျင်နှင့် လူမှုစီးပွားရေးအပေါ် အကျိုးသက်ရောက်မှု လေ့လာဆန်း စစ်ချက်ကို CITIC consortium မှ ဆောင်ရွက်ခွင့် ရရှိထားခြင်းဖြစ်သည်။

 

လက်ရှိတွင် အဆိုပါ စီမံကိန်းအတွက် ကျောက်ဖြူဒေသခံပြည်သူများထံမှ လယ်မြေဧက အများအပြားကို တန်ဖိုးငွေအနည်းငယ်ပေးပြီး သိမ်းယူစီစဉ်နေသည်ဟုလည်း ဒေသခံ လယ်သမားများက ပြောကြားသည်။

ဆက်စပ် သတင်းများ