- Web Master
- ၂၀ ဧပြီ ၂၀၂၄
(မိုခါတစ်လပြည့်)
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄ ရက်က မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေအနီးမှ တစ်နာရီလျှင် မိုင် ၁၃၀ နှုန်းခန့်ဖြင့် ဖြတ်ကျော် ဝင်ရောက်တိုက်ခတ်သွားခဲ့ပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်
အိုးအိမ်အဆောက်အအုံ သိန်းနှင့်ချီ ထိခိုက်ပျက်စီးခဲ့ရပြီး ရခိုင်ပြည်သူ
တစ်သန်းကျော်လည်း ထိခိုက်ခံစားခဲ့ရပါသည်။ လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန်ပေါင်း ၂ သောင်းကျော်
သေကြေပျက်စီးခဲ့ရပါသည်။ ယခုမုန်တိုင်းသည် ရခိုင်ပြည် ခေတ်သစ်သမိုင်းတွင်
အဆိုးရွားဆုံးနှင့် ထိခိုက်ပျက်စီးမှုအများဆုံး မုန်တိုင်းတိုက်ခတ်မှုဖြစ်ပါသည်
ရခိုင်ပြည်မြောက်ပိုင်းဒေသအား မုန်တိုင်းဖြတ်ကျော် ဝင်ရောက်တိုက်ခတ်သွားသည်မှာ ယနေ့ဆိုလျှင် တစ်လပြည့်မြောက်လာပြီ ဖြစ်သော်လည်း မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးကို ယနေ့အချိန်ထိ ထိရောက်စွာ အကောင်ထည်ဖော် ဆောင်ရွက်ခြင်း မပြုလုပ်နိုင်သေးသလို အိုးအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်သူများဘ၀မှာလည်း နဂိုပုံမှန် အခြေအနေသို့ ပြန်ရောက်ရှိခြင်း မရှိသေးပါ။
လက်ရှိတွင် စစ်ကောင်စီသည် တိုင်းပြည်၏ အာဏာကို ရယူထားသဖြင့် မုန်တိုင်းအလွန် ရခိုင်ပြည် ပြန်လည်ထူထောင်ရေးတွင် အဓိကတာဝန်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ စစ်ကောင်စီသည် မုန်တိုင်းအလွန် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း သူတို့ပိုင် မီဒီယာများမှ အကြီးအကျယ် ဝါဒဖြန့်နေသော်လည်း လက်ရှိတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ အလွန်နှေးကွေးလျက်ရှိနေပြီး ပြည်သူများ အတိဒုက္ခများစွာနှင့် ရင်ဆိုင်နေကြရဆဲဖြစ်ပါသည်။ ပြည်သူအများစုသည် စားစရာဆန်မရှိ၊ နေထိုင်စရာ အိုးအိမ်မရှိ၊ ကုသစရာ ဆေးဝါးမရှိ အဖြစ်မျိုးနှင့် ရင်ဆိုင်နေကြရပါသည်။ ထိုအခြေအနေမျိုးတွင် စစ်ကောင်စီသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ဟန့်တားပိတ်ပင်ခြင်း၊ နိုင်ငံတကာ အန်ဂျီအိုများကို ခရီးသွားလာခွင့်မပြုခြင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများကိုလည်း ဆက်တိုက်ဆိုသလို ပြုလုပ်နေသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများမှာလည်း နှေးကွေးလျက် ရှိနေခြင်း ဖြစ်ပါသည်။
၎င်းအပြင် အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ အာဆီယံနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ကူညီပေးပို့သော မုန်တိုင်းကယ်ဆယ်ရေး ပစ္စည်းများအားလည်း အတိဒုက္ခရောက်နေသော ရခိုင်ဒေသသို့ တိုက်ရိုက်ပို့ဆောင်၍ ရပါလျက် ပို့ဆောင်ခြင်းမပြုဘဲ ရန်ကုန်သို့ ပို့ဆောင်ခိုင်းပြီး ကြိုးနီစနစ်ဖြင့် အဆင့်ဆင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်နေသဖြင့် ကြန့်ကြာမှုများဖြစ်ပေါ်နေကာ အတိဒုက္ခ ကြုံတွေ့နေရသည့် မုန်တိုင်းသင့် ရခိုင်ပြည်သူများထံသို့ ယနေ့ထိ ဖြန့်ဝေနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။
မုန်တိုင်းအလွန် တစ်လအကြာ စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သုံးသပ်ရလျှင် အပြောကများပြီး လက်တွေ့လုပ်ဆောင်မှုမှာ ဟန်ပြသဘောသာဖြစ်သဖြင့် ယနေ့အချိန်ထိ ထိထိရောက်ရောက် ပြောင်းလဲတိုးတက်မှု မရှိဖြစ်နေပါသည်။ ယခုကဲ့သို့ စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် မုန်တိုင်းသင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးမှာ အချိန်အားဖြင့် ၅ နှစ် (သို့မဟုတ်) ၆ နှစ်အထိ ကြန့်ကြာသွားနိုင်သည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေပါသည်။
အခြားတစ်ဖက်တွင်လည်း
စစ်ကောင်စီသည် မိုခါမုန်တိုင်းကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ အမြတ်ထုတ်ရန်
ကြိုစားနေသကဲ့သို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရ
ရခိုင်ပြည်နယ်
မြောက်ပိုင်းကို မုန်တိုင်းဖြတ်ကျော်ဝင်ရောက် တိုက်ခတ်သွားသည်မှာ ယနေ့တွင်
တစ်လပြည့်မြောက်ခဲ့ပြီဖြစ်သော်