တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်း နယ်မြေ (၄) မှ နယ်ခြားစောင့် ၂၀၀ ကျော် စခန်းစွန့်ခွာသွားဟုဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်မောင်တောမြို့နယ်မြောက်ပိုင်းနယ်မြေ () စခန်းမှနယ်ခြားစောင့်စခန်းနှင့်ဇီးပင်ချောင်းနယ်ခြားစောင့်စခန်းမှအင်အား  ၂၀၀ ကျော်စခန့်သည်  စခန်းကိုစွန့်ခွသွားကြပြီဖြစ်ကြောင်းသတင်း ရရှိသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ရက် နံနက် အ‌စောပိုင်းက  နယ်စပ်ခြံစည်းရိုး ဘေးနားမှ ခြေကျင်လျှောက်ကာ  စခန်းစွန့်ခွာသွားကြသည်ဟု မောင်တောမြို့နယ်မှ  ဒေသခံတစ်ဦးက  နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" တိုက်ပွဲတွေတော့မရှိသေးဘူး။ အဲ့ဒီဘက်မှာ၊  စခန်းစွန့်သွားတာက သူတို့အကုန် ဘင်္ဂလာနယ်စပ်နဲ့ ကာရန်ထားတဲ့  ခြံ‌စည်းရိုး ဘေးနားကလမ်းကနေ လမ်းလျှောက်ပြီးစွန့်ခွာသွားကြတာ။ အယောက် ၂၅၀ လောက် ရှိနိုင်တယ်" ဟုပြောသည်။

၎င်းတို့သည် ရခိုင်ပြည် အနောက်ဖက်နယ်စပ် မောင်တော မြို့နယ် ငါးခူရနယ်ခြားစောင့်စခန်း နခခ (၁၀ တွင် ပူးပေါင်းခဲ့ကြသည်ဟု ၎င်းကဆက်ပြောသည်။

သူတို့က ဘင်္ဂလားကိုတော့မထွက်ပြေးဘူး။နခခ (၁၀) ငါးခူရဖက်မှာသွား ပူးပေါင်းကြတာပါ" ဟုပြောသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသူ နယ်ခြားစောင့်တပ်သား အရေအတွက်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ စုစုပေါင်း ၃၂၇ ဦးရှိသွားပြီဟု သိရသည်။ (NN-11)

( ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ