တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်း ကြိမ်ချောင်း နခခ (၇) ဌာနချုပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)ဝင်တိုက်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ပြည်၊မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA) က ယမန်နေ့ ညက တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းနယ်ခြားစောင့် နခခ (၇) စခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၈ရက်နေ့ ညနေ ၆ နာရီကနေ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မောင်တောဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" တိုက်ပွဲက မနေ့ ညနေ ၆နာရီက စဖြစ်တယ်။ ကိုယ့်တပ်တော်က ဝင်ရောက်တိုက်ခိုက်နေတာ။ လက်နက်ကြီးလက်နက်ငယ်သံတွေကြားနေရတယ်။ မောင်တောမြို့နယ်က စစ်ကောင်စီ နယ်ခြားစောင့် စခန်းတွေ အကုန်လုံး သိမ်းမယ်ထင်ပါတယ် " ဟုပြောသည်။

လက်ရှိ ဖုန်းလိုင်းအခက်အခဲကြောင့် လက်ရှိ တိုက်ပွဲအခြေအနေကိုတော့ မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၄) စခန်းမှ နယ်ခြားစောင့်စခန်းနှင့် ဇီးပင်ချောင်း နယ်ခြားစောင့်စခန်းမှ အင်အား  ၂၀၀ ကျော်စခန့်သည် လည်း ဖေဖော်ဝါရီ ၆ရက်နေ့က ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်ခံရမည်ကိုကြောက်၍  စခန်းကို စွန့်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။( NN-11)

ဆက်စပ် သတင်းများ