ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အ၀ကျွန်းတွင် တရားမ၀င် သိမ်းယူထားသော ဗုဒ္ဓဘုရားကျောင်းမြေနေရာကို ရခိုင်လူမှုအဖွဲအစည်းထံ အမြန်ပြန်လည်ပေးအပ်ရန် နိုင်ငံသားများ၏ကိုယ်စားလှယ်အဖွဲ့ က တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 19.5k

နိရဉ္စရာ၊ ဇွန် ၆/၂၀၂၄

ဒေသအတွင်း  တရားမ၀င် သိမ်းယူထားသော အ၀ကျွန်း  နာရာပရာ ဗုဒ္ဓဘုရားကျောင်းမြေကို ရခိုင်လူမှုအဖွဲအစည်းထံ အမြန် ပြန်လည်ပေးအပ်ရန် နိုင်ငံသားများ၏ ကိုယ်စားလှယ်အဖွဲ့ က ဒေသဆိုင်ရာ အုပ်ချုပ်ရေး နှင့် ရဲတပ်ဖွဲ့ တို့ကို တိုက်တွန်း တောင်းဆိုလိုက်သည်။

(အ၀ကျွန်း ) ပါတဝါခါလီ (Patuakhali) ခရိုင်ရှိ ကွာကတ်တာ (Kuakata)  ရှိ မြေပေါ် တွင် တရားမ၀င် သိမ်းယူထားသော ဗုဒ္ဓဘာသာဘုရားကျောင်း၊ မီးသင်္ဂြိုဟ်ရာမြေနှင့် ရေကန်တစ်ကန် တို့ကို ရခိုင် လူမှုအဖွဲအစည်းထံ အမြန် ပြန်လည်ပေးအပ်ရန်အဖွဲ့ဝင် ၁၂ ဦးပါ နိုင်ငံသားများ၏ ကိုယ်စားလှယ်အဖွဲ့ က ဒေသဆိုင်ရာ အာဏာပိုင်များထံ ဇွန်လ ၃ ရက် တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ 

တရားရုံးက မြေယာအငြင်းပွားမှုကိစ္စတွင် ဘုရားကျောင်းဝင်းအား ပြန်လည်ပေးအပ်ရန်  စီရင်ချက် ချခဲ့သော်လည်း ဘုရားကျောင်းပိုင်မြေနှင့်ပတ်သက်ပြီး မြေသိမ်းယူထားသူများသည် တရားမဝင် အဆောက်အအုံများ ဆက်လက်ဆောက်လုပ်နေကြောင်း ၎င်းတို့က လေ့လာတွေ့ရှိခဲ့သည်။

ပါတဝါခါလီ ခရိုင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့၊ ရဲအရာရှိများနှင့် နိုင်ငံသားများ၏ ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံစဉ် တွင် ကိုယ်စားလှယ်အဖွဲ့က ယခုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံသားများ၏ ကိုယ်စားလှယ်အဖွဲ့ (Jatiya Samajtantrik Dal) တွင်  အထွေထွေအတွင်းရေးမှူး ဖြစ်သူ Nazmul Haque Pradhan ၊ အတွင်းရေးမှူး အဖွဲ့ဝင် Nagorik Uddyog နှင့်  အမှုဆောင် အရာရှိချုပ် Zakir Hossain၊ ဒက်ကာတက္ကသိုလ် မနုဿဗေဒဌာနမှ ပါမောက္ခ Zobaida Nasreen ၊ လူနည်းစု ခေါင်းဆောင်များ၊ အခွင့်အရေး လှုပ်ရှားသူများ နှင့် သုတေသီများပါ၀င်ကြသည်။

(

(ဘင်္ဂလားဒေ့ရှ် ကလာပါရာ (အ၀ကျွန်း) မှ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုတွေ့ရစဉ်)

ထိုသို့ ဘုရားကျောင်းနှင့် မြေနေရာကို တရားမဝင် သိမ်းယူထားသဖြင့် သီတင်းသုံး နေထိုင်နေသည့် ဆရာတော်နှင့် မိသားစု (၆) စုတို့သည် မလုံခြုံမှုများ ဖြင့်နေထိုင်နေရပြီး အချို့မှာ အခြားနေရာများသို့ ပြောင်းရွှေ့သွားကြကြောင်း ၄င်းတို့က ပြောဆိုသည်။

UNO နှင့် Kalapara မြို့နယ်၏ မြေယာအရာရှိနှင့် မဟိပူရ ရဲစခန်းမှ တာဝန်ခံ အရာရှိတို့ အနေဖြင့် နာရာပရာ ဗုဒ္ဓကျောင်းတော်၏ မြေယာအား တရားမဝင် သိမ်းပိုက်ထားမှုနှင့် တရားမဝင် အဆောက်အဦများ၊ အများသုံးအိမ်သာများ ဆောက်လုပ်နေခြင်းကို ရပ်တန့်ပေး ရန် နိုင်ငံသားများ၏ ကိုယ်စားလှယ်အဖွဲ့ကတောင်းဆိုခဲ့သည်။

နိုင်ငံသားများ၏ ကိုယ်စားလှယ်အဖွဲ့သည်အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင်များကို ပိုမိုသတိထား စောင့်ကြည့်ပေး ရန် တိုက်တွန်းခဲ့ပြီး ထိုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို လည်း အရေးယူပေးရန် တောင်းဆိုခဲ့သည်။

ရခိုင်လူမျိုးများသည် ၁၇၈၄ ခုနှစ်ဝန်းကျင်က ရခိုင်ထီးနန်းကျဆုံးခဲ့ပြီးနောက် အ၀ကျွန်းဟု လူသိများသည့်  Patuakhali နှင့် Barguna ဒေသများသို့ ၀င်ရောက် အခြေချ နေထိုင် လာကြခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။

မကြာသေးမီက စစ်တမ်းကောက်ယူချက်အရ ကာလာပါရာ (အ၀ကျွန်း) တွင် ရခိုင်လူမျိုး မိသားစု ၃၀၆ စု ၊ လူဦးရေ ၁၁၆၉ ဦး နေထိုင်ကြပြီး စုစုပေါင်း ၃၇၃ ဦးမှာ မြေယာကိစ္စများနှင့် ရင်ဆိုင်နေကြရသည်” ဟု ဘင်္ဂလားဒေ့ရှ် Adivasi Forum ၏ ဗဟိုအဖွဲ့ဝင် Dipayan Khisa ကပြောဆိုသည်။

Source/The Daily Star

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!