နောင်မင်းသူ၊နိရဉ္စရာ၊ဇွန် ၁၀ /၂၀၂၄
ရခိုင်ပြည် မောင်တောမြို့ပေါ်မှ ဒေသခံ ရခိုင် အရပ်သား ရ ဦးအား အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသတင်းရရှိသည်။
ဇွန်လ၉ ရက်နေ့ ညအချိန်၌ စစ်တပ်မှ ဒေသခံ ၇ခိုင်(၅)ဦးအား ဝင်ရောက်ဖမ်းဆီးသွားခဲ့သလို ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းတွင်လည်း လမ်းဆုံများ၌ ဖုန်းများကို ရှာဖွေစစ်ဆေးကြစဉ် ဒေသခံ၇ခိုင် (၂) ဦးအား ထပ်မံ ဖမ်းဆီးသွားကြောင်း မောင်တောဒေသခံများထံမှသိ၇သည်။
"မနေ့က ဝိမလရွာကအရပ်သားလူငယ်ငါးဦးကို မတရားဖမ်းသွားတယ်။ လူငယ်တွေက ကြောက်ပြီး နေအိမ် တစ်အိမ်တည်းမှာ စုအိပ်နေကြတာ။ အရပ်သားတွေပါ။ ဘာအပြစ်မှမရှိကြဘူး။ ဖမ်းသွားတယ်။ ဒီနေ့နေ့လယ်မှာလည်း လမ်းခွဆုံတွေမှာ လမ်းသွားလမ်းလာတွေဆီက ဖုန်းတွေကို စစ်ပြီးစံပြရွာက လူငယ်နှစ်ဦးကိုဖမ်းသွားတယ်လို့သိ၇တယ်"ဟု ပြောသည်။
မြို့မမြောက်ရပ်ကွက်(၃)ဝိမလမှ နေအိမ်တစ်အိမ်တည်းတွင် စုအိပ်နေကြစဥ် ဖမ်းဆီးခံခဲ့၇သည့် ဒေသခံများမှာ ဦးအဝင်းချေ(၄၂)နှစ်၊ ကိုညီချေ(၂၅)နှစ်၊ ကိုနိုင်နိုင်ဇော်(၂၇)နှစ်၊ ကိုကွမ်းသီ(၃၅)နှစ် နှင့်ကို ဇကွက်ချေ(၂၀)နှစ်တို့ဖြစ်ကြကြောင်း ဒေသခံများထံမှသိ၇သည်။
ဇွန်လ၉ ရက်နေ့ ညနေပိုင်း၌ ဝိမလမူလွန်စာသင်ကျောင်း သို့ စစ်သား ၅၀ ခန့် စခန်းချလာပြီး ညအချိန်၌ မြို့ဦးရွာ နှင့် ဝိမလ ရှိလူနေအိမ်များအား တစ်အိမ်ဝင်တစ်အိမ်ထွက်စစ်ဆေးကြစဉ် လူစုပြီးအိပ်နေကြသည့် အရပ်သားပြည်သူများအား မတရားဖမ်းဆီးပြီး နခခ(၅)သို့ ခေါ်ဆောင်သွားခဲ့ ကြောင်း ဒေသခံများက ပြောကြားသည်။
ထိုအတူဇွန်လ ၁၀ ရက်ယနေ့ နေ့လည် ၂ နာရီ မှ ၄ နာရီအထိ မောင်တောမြို့တွင်း ရှိလမ်းခွဆုံများတွင် စစ်တပ်မှ နေရာယူထားကြပြီး လမ်းသွားလမ်းလာ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူစသည့် ဆိုက်ကယ်ဘောက်များ၊ ဖုန်းများအား စစ်ဆေးမူများ ပြုလုပ်ခဲ့ကြပြီး မြို့မအားကစားကွင်းအနီး စံပြရွာမှ ဒေသခံလူငယ်(၂)ဦးအားဖမ်းဆီးသွားကြောင်းဒေသခံများကပြောဆိုသည်။
ဖမ်းဆီးခံ၇သူများမှာစိုးမြင့်ဦး(၃၀)နှစ် နှင့် ညီချေ(၃၅)နှစ်တို့ဖြစ်ကြောင်းဒေသခံများထံမှသိ၇သည်။
"သေနတ်တွေ ကိုင်ထားပြီးမြို့ပေါ်က အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကိုဘဲ ခြိမ်ခြောက် ဖမ်းဆီးပြနေစရာမှ မလိုတာဗျာ။သတ္တိရှိယင် အေအေ သိမ်းထားတဲ့ နေရာတွေကို သွားပြီး တိုက်ကြပါလား။အေအေ သိမ်း ထားတာနေရာတွေအများကြီးပါ။ အခုက မြို့ ပေါ်က ဘာနိုင်ငံရေးနဲ့မှ ပတ်သက်မှု မရှိဘဲ ကိုယ့်အဖို့နဲ့ကိုယ်အေးဆေးဆေးဆေးနေတဲ့ အပြစ်မရှိတဲ့ အရပ်သားတွေကိုဘဲ ခြိမ်းခြောက် ဖမ်းဆီးပြနေကြတယ်"ဟု ဒေသခံတစ်ဦးကပြောဆိုသည်။၏
ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့ ကလည်း မောင်တောမြို့မြို့မမြောက်ရပ်ကွက်ရှိတ္တာရွာ နှင့် ဝိမလ ကျေးရွာများအား စစ်တပ်မှဝိုင်းရံပိတ်ဆို့ကာ ၇ခိုင်၊ဟိန္ဒူ နှင့် မွတ်ဆလင်ကျား/မ ၃၀၀ ခန့်အား အမှတ်(၃)ရပ်ကွက်မူလွန်စာသင် ကျောင်း၌ ဖမ်းဆီးထားပြီး စစ်ဆေးမူများပြုလုပ် နေကြစဉ် ထိုရပ်ကွက်၊ ကျေးရွာရှိနေအိမ်များအား စစ်တပ်မှာရှာဖွေကြစဉ်ထိုနေအိမ်များမှရွှေ၊ငွေ နှင့် ဖုန်းများ အခိုးခံခဲ့ကြရပြီးနေအိမ်ဂိုဒေါင်များရှိဘီယာ၊အရက်နှင့် စားသောက်ဖွယ်ရာများပါ ဖောက်ထွင်း အခိုးခံခဲ့ကြရကြောင်း ဒေသခံများထံမှ သိ၇သည်။