သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ရေဘေးကြောင့် လူတစ်ဦးသေဆုံးပြီး ကျေးရွာ ၂၀ ခန့်ရေနစ်ခဲ့ကာ အိမ်ခြေ ၃၀၀နီးပါးပျက်စီး၍ လူထောင်ချီအတွက် အရေးအပေါ်အကူအညီလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 596

လူထက်နိုင် (ဒွါရာမြီ) နိရဉ္စရာ၊ စက်တင်ဘာ ၁၉/ ၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရေဘေးဒဏ်ကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျေးရွာပေါင်း ၂၀ ခန့် မှ နေအိမ် အလုံးပေါင်း ၃၀၀ ခန့်ပျက်စီးခဲ့ကာ လူဦးရေ ထောင်ချီအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ အရေးအပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။

အရေးအပေါ်အကူအညီများလိုအပ်နေသည့် နတ်ထောင့် ရွာဟောင်း၊ နတ်ထောင့်ရွာသစ်၊ ဇိုင်ချောင်း၊ ကျေးမကြီး၊ ကျေးမချေ၊ ကြွီချောင်း၊ ပြင်းချောင်း၊ ကိုင်းကြီး၊ ပြင်းဝ၊ သရက်အုပ်၊ ရွာသာယာ၊ /လင်ကြီး၊ အထက် ခချီးမြောင်နှင့် အောက်ခချီးမြောင်၊ လက်ပံကိုင်း၊ နတ်ကံပြင်၊ တရဂူရွာသစ်နှင့် တရဂူရွာဟောင်းစသည့် ကျေးရွာများဖြစ်ကြပြီး အများစုမှာ ချင်းလူမျိုးများနေထို်င်သည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာများသည် လေးမြို့မြစ်အထက်ပိုင်းတွင်ရှိပြီး စက်တင်ဘာလ ၁၀ ရက်မှ ၁၅ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လေးမြို့မြစ်နှင့် ချောင်းရေများ မြင့်တက်ခဲ့၍ ရေကြီးလွှမ်းမိုးမှုဒဏ်ကိုခံခဲ့ကြရကာ နေအိမ် ၃၀၀ နီးပါး ပျက်စီးကာ ထိုအထဲမှ နေအိမ်  ၂၀၀ ကျော်မှာ လုံးဝပျက်စီးသွားပြီး ၅၀ခန့်မှာ တချို့ တဝက်ပျက်စီးသွားခဲ့သည်ဟု  ဒေသခံများက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ လက်ရှိအချိန်ထိ အကူအညီတစ်စုံတရာ မရသေးကြောင်းနှင့် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း  ဒေသခံခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက နိရဥ္စရာကိုပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးကုသမှုတွေ လိုအပ်ပါတယ်။ အင်တာနက်၊ ဖုန်းလိုင်းမရတော့ ပိုဆိုးတာ။ မြို့နဲ့အလှမ်းဝေးတဲ့ဒေသပေါ့။ အရေးပေါ် လိုအပ်ချက်က စားနပ်ရိက္ခာတွေ အကုန်ပျက်စီးသွားတဲ့အတွက် စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်ဟု ပြောသည်။

မြစ်ရေတက်စဉ် ရေသည် ပေကျော်အထိ မြင့်တက်ခဲ့၍ အဆိုပါကျေးရွာများတွင် သိုလှောင်ထားသည့် ဆန်၊ စပါးများလည်း ရေနစ်မြုပ်ပျက်စီးသွားခဲ့သည်ဟု လက်ပံကိုင်းကျေးရွားသားတစ်ဦးဖြစ်သူ ကိုဇော်လင်းထွန်းက နိရဥ္စရာကို ပြောဆိုသည်။

ရေဘေးသင့်ကျေးရွာများအနက် ကျေးမကြီးကျေးရွာမှ ကလေး ဦး၏ဖခင် အသက် ၄၀ ကျော်အရွယ်မောင်လှ()​ယောင်စိုး (ချင်းအမျိုးသား)မှာ ​​ရေစီနဲ့မျောပါပြီးသေဆုံးသွားခဲ့သည်ဟု ပြောသည်။

"မင်းပြားမြို့နယ်၊ ဖုံသာချောင်းရဲ့ ချောင်းလက်တက် သရွေ့ချောင်းရေစီးနဲ့မျောပါပြီးတော့ ရေနစ်သေဆုံးသွားခဲ့တာပါ။ သူ့နာမည်က မောင်လှ၊ ချင်းလူမျိုးပါ။ လောလောဆယ်တော့ ရေဘေးကြောင့်သေဆုံးသူ တစ်ယောက်တည်းပဲ သိထားရပါတယ်"ဟု ပြောသည်။

လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူ ဆရာဝေဟင်အောင်မှ  အဆိုပါ ရေဘေးသင့် ကျေးရွာများသို့ အလှူ​ငွေ ကျပ် သိန်း ၂၀၀ ကို စက်တင်ဘာ ၁၈ ရက်​နေ့က ပေးပို့ လှူဒါန်းခဲ့သည်ဟု သိရသည်။


စက်တင်ဘာဒုတိယအပတ်အတွင်း ရာဂိတိုင်ဖွန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်၍ လူပေါင်း ၂၆၈ ဦး သေဆုံးပြီး လူ သိန်းကျော် ရေဘေး သင့်ခဲ့ရသည်ဟု အရ သိရသည်။

ကူညီကယ်ဆယ်နေသူများအနေဖြင့် ပြည်မဘက်ရှိရေဘေးသင့်သူများကိုသာ သွားရောက် ထောက်ပံ့လျက်ရှိပြီး ရခိုင်မှ ရေဘေးသင့်ပြည်သူများကိုမူ ထောက်ပံ့ခြင်းမရှိသေးဟု ဒေသခံများက ပြောကြသည်။

ဓာတ်ပုံ - ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် လက်ပံကိုင်းကျေးရွာအား တွေ့ရစဥ်။ (Photo - Salai Aung Yar Linn)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!