သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရာဂီမုန်တိုင်း ဒဏ်ခံရသူများကို အမေရိကန်ပြည်ထောင်စုကအကူအညီပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 275

(အကူအညီများပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကို တောင်းဆို)

နိရဉ္စရာ၊ စက်တင်ဘာ ၁၉/ ၂၀၂၄

တိုင်ဖွန်းရာဂီ မုန်းတိုင်းဒဏ်ခံရသည့် မြန်မာပြည်သူများကို အမေရိကန်ပြည်ထောင်စုက အကူအညီပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်ထဲတွင် “ တိုင်ဖွန်းယာဂီကယ်ဆယ်ရေးကြိုးပမ်းအားထုတ်နေမှုများအပေါ် ပံ့ပိုးကူညီမှု တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲ အဖြစ် နိုင်ငံတဝန်းတွင် ယင်း၏အကျိုးသက်ရောက်မှုခံရသူများနှင့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများ အတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်လျက် ရှိပါသည်”ဟု ဖော်ပြထားသည်။


နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီသည့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများနှင့် အခြား အရေးပါသည့်ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီအလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကို မိမိတို့တောင်းဆိုပါသည်။

ရှေ့လာမည့် ရက်များအတွင်း တိုင်ဖွန်းရာဂီ၏ အကျိုးသက်ရောက်မှုဒဏ်ခံရသူများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အကူအညီပေးအပ်သွားပါမည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ