သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

အမ်းနပခဌာနချုပ်လက်အောက်ခံ တပ် ၃ ခုကို AA သိမ်းပိုက် (စစ်သုံးပန်းအချို့နဲ့လက်နက်ခဲယမ်းများသိမ်းဆည်ရမိ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 765

မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၂၄/ ၂၀၂၄

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)၏ လက်ရုံးတပ်များဖြစ်ကြသော ၃၇၃ တပ်ရင်း၊ ဆေးတပ်နှင့်စရဖတပ်ကို အာရက္ခတပ်တော် (AA) မှ အပြီးအပိုင် သိမ်းလိုက်သည်ဟု သတင်းရရှိသည်။

၎င်းတပ်များကို ယမန်နေ့ ညကတည်းကပင် သိမ်းပိုက်နိုင်ခဲ့သည်ဟု အမ်းမြို့ဒေသခံ စစ်ရေး လေ့လာ စောင့်ကြည့်သူတစ်ဦးက နိရဉ္စရာကို အတည်ပြု ပြောကြားသည်။

" တပ်ရင်း တစ်ရင်းနဲ့ ဆေးတပ်၊ စရဖတပ် ၃ ခုလုံးကိုရသွားတာဟုတ်ပါတယ်။ လက်နက် ခဲယမ်းနဲ့ စစ်သုံးပန်းအချို့လည်း ရထားတယ်။ ၃၇၃ တပ်ရင်းမှူးနဲ့ G1 အဆင့်ရှိသူတွေက ဒဏ်ရာတွေနဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့သိရပါတယ်။"

လက်နက်ခဲယမ်းနှင့် စစ်သုံးပန်းအချို့ရရှိထားပြီး တပ်ရင်းမှူးနှင့်  G1 တို့ ဒဏ်ရာကိုယ်စီဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီး အထက (၂) ယာယီ စစ်ဆေးရုံတွင် ဆေးကုသနေရသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

စစ်ကောင်စီသည် နပခဌာနချုပ်ကို AA ၏ ထိုးစစ်ရောက်လာမည်ကိုစိုးရိမ်ပြီး  ဂျက်ဖိုက်တာ များဖြင့် တိုက်ခိုက်ခြင်း၊  နက်ကြီးတို့ဖြင့် အကြိမ်ပေါင်းများစွာ ခုခံစစ်ကူပေးသော်လည်း အာရက္ခတပ်တော် ( AA) ၏ ထိုးစစ်ကို မခံနိုင်ဘဲ အောက်တိုဘာ ၂၃ ရက်နေ့ ညအချိန်တွင် ခမရ ၃၇၃ ၊ စရဖတပ်နှင့် ဆေးတပ်တို့ကိုအပြီးအပိုင် နောက်ဆုတ်ပေးခဲ့ရသည်ဟု သိရသည်။

အမ်းမြို့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အတူ ခမရ (၃၇၁)၊ (၃၇၂) နှင့် အမတ (၃၇၄) တို့တည်ရှိပြီး AAက ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ