ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အကြမ်းဖက် စစ်ကောင်စီက ညီနောင်မဟာမိတ် (၃) ဖွဲ့ကို အကြမ်းဖက် အဖွဲ့များအဖြစ်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 872

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ စက်တင်ဘာ ၂  / ၂၀၂၄

မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်ကြသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/ AA) တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း အကြမ်းဖက် စစ်ကောင်စီမှ  ကြေညာလိုက်သည်။

MNDAA နှင့် TNLA တို့အား အမိန့်ကြော်ငြာစာ (၁ /၂၀၂၄) ဖြင့်လည်းကောင်း၊ ULA/AA ကို အမိန့်ကြော်ငြာစာ  (၂/၂၀၂၄) တို့ဖြင့်လည်းကောင်းစစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ မှ စက်တင်ဘာလ (၂) ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

MNDAA နှင့် TNLA တို့သည် အများပြည် သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကို ဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စစ်ကောင်စီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏) ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စု ဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပ စ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိ သော ကြောင့် ၎င်း အဖွဲ့ (၂) ဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာလိုက်ကြောင်း ဖော်ပြထားသည်။


အလားတူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) တို့ အနေဖြင့်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့နှင့် အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ(၁၁) ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်း ပေးထားသော်လည်း လက်ရှိတွင် အများပြည်သူ၏ လုံခြုံ ရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက် အတွက် အရေးကြီးသော အခြေခံ အဆောက်အအုံများကို ဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စ ည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကြောင့် အကြမ်းဖက်မှုတို က်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက် ရ က်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊(၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းပေးခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ လိုက်ကြောင်း ထုတ်ပြန်ထားသည်။


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!