- Web Master
- ၁၂ ဧပြီ ၂၀၂၄
သဉ္ဇာနွယ်/ နိရဉ္စရာ၊ မေ ၁၉/၂၀၂၄
ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊
နှမ်းဖဲတောင်ရွာမှ အမျိုးသမီး
၉ ဦးအပါအဝင် ဒေသခံ ၁၁ ဦးကို စစ်ကောင်စီတပ်က
ဖမ်းဆီးသွားပြီး ထိုအထဲက အမျိုးသမီး ၅ ဦးကို ပြန်လွှတ်ပေးပြီး ကျန်အမျိုးသမီး
၄ နှင့် အမျိုးသား ၂ ဦးမှာ အဆက်အသွယ်မရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးနေသူ အမျိုးသမီးများမှာ ဒေါ်ယိုင်မေနု ၊ဒေါ်အောင်မဝေ၊ ဒေါ်မအေးလှ၊
နောက်ထပ် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့
ဖြစ်ကြသည်။
ကျောက်ဖြူမြို့နယ်
၊ဂုံးချွိန်တိုက်နယ်၊ နှမ်းဖဲတောင်ရွာကို ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက
နှမ်းဖဲတောင်ကျေးရွာ
ဘုရားကုန်း
" နှမ်းဖဲတောင်ရွာမှာက ဘုရားတောင်မှာ စစ်ကောင်စီတွေ တပ်စွဲထားတယ်။ သူတို့တစ်ရက် ရွာထဲကို ဝင်လာပြီး သေနတ်တွေနဲ့ ရွာသားတွေကို ခြိမ်းခြောက်ပြီး အမျိုးသမီး ၉ ယောက်နဲ့
အမျိုးသား ၂ ယောက်ကို ဖမ်းခေါ်သွားတယ်။ ဖမ်းဆီးပြီး ဘုရားကုန်းမှာပဲထားတယ်
။ ဘာကြောင့်ဖမ်းလည်း ဆိုတာကိုလည်း မသိရဘူး
" ဟုပြောသည်။
ယင်းသို့ဖမ်းဆီးခေါ်ဆောင်ခံရပြီ
သူတို့နှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီး တစ်ဦးက “ အခု သူတို့နဲ့ အဆက်အသွယ်မရဘူး။ ပျောက်ဆုံးနေတယ်လို့ ပြောလို့ရတယ် ။ သတင်းတွေက ကြားနေရတာပေါ့နော်။ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၄ဦးအထဲက ၃ ဦးကို ကျောက်ဖြူမြို့၊ အမှတ်(၃၂) တပ်ရင်း ရဲစခန်းသို့ ခေါ်ဆောင်သွားတယ်လို့ လည်း ကြားတယ်။ ဒါဆိုရင် နောက်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦးက ဘယ်ရောက်နေလဲ။ သူတို့အတွက် စိုးရိမ်နေကြရတယ်။ မိသားစုတွေဆီလည်း စစ်တပ်က ဘာမှ အကြောင်း မကြားဘူး” နိရဉ္စရာကို ပြောသည်။
နောက်ထပ် ကျေးရွာလူကြီး တစ်ဦးက ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်ပြီး သတင်း တချို့ရသော်လည်း မျက်မြင်မဟုတ်၍ ယုံကြည်၍ မရကြောင်း ပြောဆိုသည်။
" စစ်ကောင်စီက
အမျိုးသမီး ၉ ယောက်ထဲက ၅ယောက်ကိုပြန်လွတ်တယ်။ နောက်ထပ်၄ ယောက်ထဲက ၃
ယောက် ကို နောက်တစ်နေ့ နေ့လယ်လောက်မှာ
စစ်ကောင်စီက နှမ်းဖဲတောင် ဘုရားကုန်းကနေ ရဲတပ်ရင်း ၃၂ ကိုခေါ်သွားတယ်။
ကျန်တဲ့ အမျိုးသမီး
၁ယောက်နဲ့ အမျိုးသား နှစ်ယောက်က ဘုရားကုန်းမှာပဲ ထားတယ်။ ဒီလိုတော့ သတင်းရတယ်။ ဘယ်သူကမှ သွားကြည့်လို့ ရတာမဟုတ်တော့
ယုံကြည်ဖို့တော့ ခက်ခဲနေတယ်"
ဟုပြောသည်။
မေလ ၁၇ ရက်နေ့
နံနက်ပိုင်းက စစ်ကောင်စီနှင့်
အမှတ်(၃၂)ရဲတပ်ရင်းက ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၃၀ ခန့် သည်လည်း ကျောက်ဖြူမြို့၊ဂုံးချွိန်တိုက်
(ဓာတ်ပုံ- ကျောက်ဖြူမြို့မှ စစ်ကောင်စီအရာရှိတချို့)