Preview

သံတွဲ ကြံ့ခိုင်ရေးရုံးကို စစ်ကောင်စီ ဗုံးကြဲ၊ လူငယ်တစ်ဦးဒဏ်ရာရပြီး ရုံးပျက်စီး

အောက်တိုဘာ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :982
ရခိုင် သတင်း

မင်းသျှင်စော၊နိရဉ္စရာ၊ အောက်တိုဘာ၂၅/ ၂၀၂၄

အာရက္ခတပ်တော် ( AA)သိမ်းပိုက် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့ရှိ ကြံ့ခိုင်ရေးရုံးကို စစ်ကောင်စီလေတပ်ကဗုံးကြဲသည့်အတွက် ရုံးအဆောက်အဦပြိုကျ ပျက်စီးသွားပြီး ဆယ်ကျော်သက် အရွယ် လူငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်ဟုသိ၇သည်။

 

ထိခိုက်ဒဏ်ရာရရှိသွားသည့် လူငယ်မှာ  သံတွဲအမှတ် ၈ ရပ်ကွက်နေ မောင်ဖိုးချို(၁၄)နှစ် ဖြစ်သည်။  

 

အောက်တိုဘာ၂၅ နံနက် ၅ နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်သဖြင့် ကြံ့ခိုင်ရေးရုံးနှင့် ပတ်ဝန်းကျင်အဆောက်အဦးတို့ ပျက်စီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

" ဒီနေ့မနက် ၅ နာရီလောက်က ဂျက်နဲ့ လာပြီး ဗုံးချပါတယ်။အဓိကချသွားတာက ၂ နေရာပါ။ တစ်နေရာကကြံ့ခိုင်ရေးရုံးနဲ့ နောက်တစ်နေရာက ယခင်စစ်သားစုဆောင်းရေးရုံးကိုပါ။ တစ်နေရာတစ်လုံးစီ ၂ ကြိမ်ချသွားပါတယ်။ အဲဒီအနီးအနားကအိမ်က  လူငယ်တစ်ဦးကိုတော့ ဗုံးစ ထိမှန် သွားတယ်" ဟု ပြောသည်။

 

၎င်းတိုက်ခိုက်မှုအတွင်း ကြံ့ခိုင်ရေးရုံးနှင့် စစ်သားစုဆောင်းရေးရုံးတို့ ပျက်စီးသွားပြီး အနီးအနား ပတ်ဝန်းကျင်ရှိ နေအိမ်များကိုလည်း ထိခိုက်ပျက်စီးမှု ရှိသည်ဟု ဆိုသည်။

 

သံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်စီက လူနေရပ်ကွက်နှင့် ကျေးရွာများပါမရှောင် ဗုံးကြဲတိုက်ခိုက်နေသည်။

 

လွန်ခဲ့သည့် စက်တင်ဘာ ၂၆ ရက်နံနက် ရ နာရီ ၄၀ မိနစ်ကလည်း  စစ်ကောင်စီက သံတွဲမြို့နယ်ခန်းမနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးများ ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှ စစ်ဘေးရှောင်ကလေးငယ်များ အပါအဝင် ၁၃ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ပုံစာ- စက်တင်ဘာ ၂၆ ရက်နံနက်က ဗုံးကြဲခံခဲ့၇သည့် သံတွဲ မြို့နယ်ခန်းမ။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.