သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

ဂွတွင် စစ်ကောင်စီစစ်ကြောင်းကို AA လျှပ်တပြက်ဝင်တိုက် (စစ်သားများ သေဆုံးဒဏ်ရာရကာ လက်နက်စွန့်ပြီးထွက်ပြေး)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ၊ အောက်တိုဘာ ၂၅/၂၀၂၄

ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း တစ်ခုကို အာရက္ခတပ်တော် ( AA)က လျှပ်တစ်ပြက် ဝင်တိုက်၍ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရကာ လက်နက်များကို စွန့်ပြီး ထွက်ပြေးကြသည်ဟု ဒေသခံများက ပြောကြားသည်။

ဒေသခံ တစ်ဦးက “ ဒီကနေ့ မနက် ၅ နာရီလောက်စပြီ ဖြစ်ကြတာ။ စစ်ကောင်စီစစ်ကြောင်းကို အေအေက တိုက်တာ။ မနက် ၆ နာရီခွဲထိ ဖြစ်ကြတယ်။ စကစတပ်သားတွေက ဒဏ်ရာတွေနဲ့ လက်နက်စွန့်ခွာ ထွက်ပြေးကြတယ်။ မျက်မြင်ဘဲ။ ဖြစ်တာ တောင်ပိန္နဲစားသောက်ဆိုင် အနီးမှာဖြစ်တာ” ဟု ပြောသည်။

၎င်းပိန္နဲတောင် စားသောက်ဆိုင်မှာ ဂွမြို့နယ် မြောက်ပိုင်း တိုင်ကျိုးက အထွက် ကြွေချိုင်ရွာထိပ်တွင် တည်ရှိပြီး ၎င်းအနီးရှိ စစ်ကောင်စီ စစ်ကြောင်းကို AA က လျှပ်တစ်ပြက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ လက်ရှိမှာ စကစတပ်က အကျအဆုံးများနဲ့ တပ်ဆုတ်သွားပြီ။ တိုင်ကျိုး ပုဂံတောင်မှာလည်း မရှိတော့ဘူး။ အကုန် ဆပ်သွားကို ဆုတ်သွားပြီ။ အခု ဆပ်သွားတိုက်နယ်ဆေးရုံမှာ ဝင်ရောက် နေရာယူထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

လက်ရှိ ချောင်းသာ ကျေးရွာအနီးသို့လည်း စစ်ကြောင်းထိုး၍ မရတော့သလို အေအေက စနိုက်ဘာဖြင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနေကြောင်း ဒေသခံများထံက တစ်ဆင့် သိရသည်။

ပုံစာ- တိုက်ပွဲဖြစ်ပွားရာအနီးက ပိန္နဲတောင်စားသောက်ဆိုင်/သတင်းနှင့် ဓာတ်ပုံပေးပို့ -CJ

ဆက်စပ် သတင်းများ