စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

၂လခန့် ဆရာဝန်မရှိဖြစ်ခဲ့သော လေးတောင်တိုက်နယ်ဆေးရုံအတွက် ဆရာဝန်တစ်ဦးယာယီချထားပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၁၀ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိဘဲ ၂ လခန့် ကြာမြင့်သွားခဲ့ပြီးနောက် ဆရာဝန်တစ်ဦးကို ယာယီထမ်းဆောင်ရန် တာဝန်ပေးလိုက်ပြီဟု သတင်းရရှိသည်။
၎င်းဆရာဝန်မှာ ကျောက်ဖြူပြည့်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက် ဆရာဝန်အား ဒေါက်တာမောင်မောင်ဇော်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၁ဝရက်နေ့တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ကုသရေး ဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ လေးတောင် တိုက်နယ် ဆေးရုံသို့ တာဝန်ထမ်း ဆောင်စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ဆေးရုံသို့ စက်တင်ဘာ ၁၃ရက်မှစတင်ပြီး လုပ်ငန်းလိုအပ်ချက်အရ ဒေါက်တာ မောင်မောင်ဇော်အား တွဲဖက်ယာယီ တာဝန် ချထားလိုက်ကြောင်း ရခိုင်ပြည်နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က လက်မှတ်ထိုးထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ