ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၄/ ၂၀၂၄
ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာန လွှတ်တော်ရေးရာ ဒုတိယဝန်ကြီး မစ္စတာ KOMURA Masahiro နှင့် မြန်မာနိုင်ငံ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ နံနက်ကတွေ့ဆုံခဲ့သည်။
ဂျပန်ငံနိုင်ငံခြားရေး၀န်ကြီးဌာန လွှတ်တော်ရေးရာ ဒုတိယဝန်ကြီး ကိုမုရ သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏
လက်ရှိအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း
ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနကယနေ့တွင်
သတင်းထုတ်ပြန်သည်။
ဂျပန်နိုင်ငံအစိုးရသည်
မြန်မာနိုင်ငံရှိ သက်ဆိုင်သူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့်
လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း
မစ္စတာ ကိုမုရ က ပြောကြားခဲ့သည်။
တိုင်းရင်းသား
အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံမှ
ပေးအပ်သော မြန်မာနိုင်ငံအပေါ် တသမတ်တည်း ပံ့ပိုးကူညီမှုများနှင့်
မြန်မာနိုင်ငံ အခြေအနေများကို ဖြေရှင်းရာတွင် ဂျပန်နိုင်ငံ၏
အခန်းကဏ္ဍအတွက် ၎င်းတို့၏ မျှော်လင့်ချက်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ
အခြေအနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် နှစ်ဖက် အနီးကပ်
ဆက်သွယ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှစ်ဖက် စလုံးမှ အတည်ပြု ပြောကြား ခဲ့သည်။
(ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဟုဆိုထားသော်လည်း မည့်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ် တို့၏အမည်များကိုဖော်ပြထားခြင်းမရှိသလို တွေ့ဆုံသည့် နေရာကိုလည်း ဖော်ပြထားခြင်း မရှိပေ)