သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မိုးမိတ်မြို့ ဗျူဟာကုန်းနှင့် တပ်ရင်း ၃ ရင်းအပါအဝင် တပ်စခန်း ၁၃ ခုနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်ပြီးနောက် မြို့တစ်ခုလုံးကို TNLA အလုံးစုံ ထိန်းချုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 475

(တိုက်ပွဲများအတွင်း လက်နက်မျိုးစုံ (၄၀၀) ကျော် သိမ်းဆည်းရမိ)

နိရဉ္စရာ၊ ဇူလိုင် ၁/ ၂၀၂၄

ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့ထိ သီတင်းပတ် (၄)ပတ်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း မိုးမိတ်မြို့ရှိ ဗျူဟာကုန်း၊ စကခ ၂၁ နှင့် တပ်ရင်း ၃ ရင်းအပါအဝင် တပ်စခန်း ၁၃ ခု၊ ရဲစခန်းတစ်ခုနှင့် ဌာနဆိုင်ရာ ရုံးများအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့တစ်ခုလုံးကို  တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ထိန်းချုပ်လိုက်ပြီဖြစ်သည်။

ဩဂုတ် ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ တအာင်းတပ်မတော်က သိမ်းပိုက်ခဲ့သည့် မိုးမိတ် မြို့နယ်ရှိ စစ်ကောင်စီတပ်စန်းများမှာ  ၃၄၈ ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊  ခလရ (၂၆၇)စခန်း၊ ခမရ(၃၄၈) စခန်း၊  ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနမ်၊ ဗိမ္မာန်ကျောင်းတို့ ဖြစ်ကြသည်။

၎င်းအပြင် ရဲစခန်းနှင့် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တအာင်းပြည် တပ်မဟာ(၃)နယ်မြေ၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃) ၊ ( ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့ နေ့လည် (၁း၀၀)နာရီ အချိန်တွင် အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့သည်ဟု သိရှိရသည်။'


စစ်ကောင်စီ မိုးမိတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 ဖြင့် လက်နက် ခဲယမ်းများ ကြဲချမှု (၁၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။ 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိူင်းဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်သည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၄၀၀) ကျော် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီ မိုးမိတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသခံ (၃)ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာရ၊ စာသင်ကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြသည်။ 

၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် PSLF/TNLA မှ နောင်ချိုမြို့နှင့် မိုးကုတ်မြို့တို့ကို သိမ်းပိုက်ခဲ့ပြီး၊ တတိယ သိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟု သိရသည်။



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!