စနေ၊ အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၄

လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်အားချီးမြှင့်သောလူ့အခွင့်ရေးဆု NUG လူ့အခွင့်အရေး ဝန်ကြီးလက်ခံရယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 98

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၉ / ၂၀၂၄

ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံထားရသည့် လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ် ချီးမြှင့်သော Ludovic Trarieux International Human Rights Prize လူ့အခွင့်ရေးဆုကိုသူမ၏ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံရယူ ရယူခဲ့ကြောင်းသတင်းရရှိသည်။

ထိုဆုပေးပွဲ အခမ်းအနားကို အီတလီနိုင်ငံ ၊ရောမမြို့တွင် ကျင်းပနေသည့် IDHAE အဖွဲ့၏ ညီလာခံနောက်ဆုံးနေ့ အောက်တိုဘာလ ၁၈ရက်နေ့  တွင် အထူးအစီအစဉ်အနေဖြင့် ထည့်သွင်းချီးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၉ တွင် ဝန်ကြီး ဦးအောင်မျိုးမင်းက သူ၏ လူမှုကွက်ရက်တွင် ရေးသားဖော်ပြသည်။

ဦးအောင်မျိုးမင်းက “ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုကနေ မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေး ရရှိရေးကို သတ္တိရှိရှိ ကူညီ ဆောင်ရွက်ပေးတဲ့ သူမဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်ပါတယ်။ သူမပြောခဲ့ဖူးတဲ့ စကားတစ်ခု ရှိပါတယ် “ကြားနာမှုမရှိပဲ ဘယ်သူမှစီရင်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့စကားပါပဲ။ ဒီစကားအတိုင်းပဲ မတရားဖမ်းဆီးခံခဲ့ရသူတွေ တရားရေးဆိုင်ရာအခွင့်အရေးရဖို့ တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်” ဟု ရေးသားထားသည်။

ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လွပ်လပ်မှုနှင့် တရားမျှတမှုများ ပြန်လည်ဖော်ဆောင်နိုင်သည့်နေ့ကျရင် အဆိုပါဆု၏ ပိုင်ရှင်အစစ်အမှန်ဖြစ်သည့် ဒေါ်ရွက်နုအောင် လက်ထဲကို ကိုယ်တိုင်လွှဲပြောင်းပေး အပ်နိုင်မည်ဟု  ခိုင်ခိုင်မာမာယုံကြည်ပါကြောင်း သူကဆိုသည်။

“သူမကိုယ်တိုင်သာ ဒီအခမ်းအနားတက်ရောက်ပြီး စကားပြောကြားခွင့် ရရှိခဲ့မယ်ဆိုရင် ဒီဆုဟာ သူမထက် မြန်မာပြည်သူတွေရဲ့ဆုလို့ ပြောမယ်ထင်တယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် နိုင်ငံတကာက အရေးစိုက်မှု အထူးလိုအပ်နေတဲ့ အခုလိုအခြေအနေ ကာလဆိုးအတွင်းမှာ အသိအမှတ်ပြုဆုပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ကြောင်း ပြောပါလိမ့်မယ်။ သူမလိုပဲအကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုကြံကြံခံပြီး ထောင်အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်သောင်းကျော်ရဲ့ ဆိုးဝါးလှတဲ့ နှိပ်စက် ဖိနှိပ်ခံရတာတွေကို တင်ပြပါလိမ့်မယ်။တော်လှန်ရေးမှာ ကဏ္ဍအသီးသီးက ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ခွန်အား၊ သတ္တိတွေကို ဂုဏ်ယူစွာ ပြောပြပါလိမ့်မယ်။” ဟု ဟု ဦးအောင်မျိုးမင်းက က ရေးသားထားသည်။

ဒါ့အပြင် မြန်မာ့အရေးကို စိုးရိမ်ပူပန်နေယုံသာမကပဲ ဖမ်းဆီခံနေရသူများ အားလုံးကို လွတ်မြောက်အောင်ကြိုးပမ်းရန် အကြမ်းဖက်စစ်အုပ်စုကို ဘဏ္ဍာငွေကြေး၊ လေယာဉ်ဆီ နှင့်လက်နက်များတင်ပို့ရောင်းချခြင်းများ ဖြတ်တောက်ရန်၊ စစ်ရာဇဝတ်သားများကို နိုင်ငံတကာတရားစီရင်မှု လမ်းကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ရန်၊ ပြည်သူများလားသည့် ဖက်ဒရာယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ဖော်ဆောင်နိုင်ရန်တောင်းဆိုမည်မှာလည်း သေချာကြောင်းဦးအောင်မျိုးမင်းက က ရေးသားထားသည်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသည့် လူ့အခွင့်အရေး ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဥရောပအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE)အဖွဲ့က နှစ်စဥ်ပေးအပ်နေသည့် ( Ludovic Trarieux International Human Rights Prize ) ကို ၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။


အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီး တရားစွဲဆိုခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအား လိုက်လံကူညီဆောင်ရွက်ပေးမှုကြောင့် ဒေါ်ရွက်နုအောင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၅) နှစ် မတရားစီရင်ခံခဲ့ရသည်။

ယခုအချိန်အထိ မန္တလေးဗဟို အကျဥ်းထောင် (အိုးဘို) တွင် တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရဆဲဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-ဦးအောင်မျိုးမင်း

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!