(အရာရှိမိသားစုဝင်များ၊ တပ်မိသားစုနှင့် အတူဒဏ်ရာရတပ်ဖွဲ့ဝင်များလည်းပါဝင်)
မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ၈၊၂၀၂၄
မဲတောင်ဗျုဟာသိမ်းပိုက်ခံရပြီးနောက် AA ထိုးစစ်နီးကပ်လာသဖြင့် ရခိုင်ပြည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း (နပခ) ဌာနချုပ်မှ စစ်ကောင်စီတပ် မိသားစုဝင်များကို ယနေ့ နံနက်က ပြည်မ ဘက်သို့ ကုန်တင်ကားများဖြင့် ရွှေ့ပြောင်းသွားသည်ဟု သတင်းရရှိသည်။
ဒေသခံအမျိုးသားတစ်ဦးက "မနေ့ညနေကတည်းက အရပ်သားပိုင်ကုန်ကားတွေကို အရေးပေါ်ဆိုပြီး ချောဆွဲပါတယ်။ နပခဌာနချုပ်ကို ခေါ်သွားတယ်။ ဒီနေ့နံနက်
၇ နာရီမှစပြီး ကုန်ကား ၁၈ စီး၊
အိမ်စီးကား ၂ စီး၊ အားလုံး ကားအစီး
၂၀နဲ့ ရိုးလမ်းပေါ်ကို တက်သွားပါပြီ။ ကုန်ကားတိုင်းမှာတော့မိန်းမ
နဲ့ ကလေးတွေများတယ်”ဟု ပြောသည်။
အာရက္ခတပ်တော်(AA)
သည် အမ်းမြို့အခြေစိုက် နပခ အပါအဝင် တပ်ရင်း တပ်ဖွဲ့များအား
လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေပြီး အဓိက နပခ စစ်ဌာချုပ်အား ကာထားသော မဲတောင်ဗျူဟာကျသွားသဖြင့်
လုံခြုံရေး စိုးရိမ်ရရာမှ မိသားစုများအားလုံးကို ပြည်မဘက်သို့ ရွှေ့ပြောင်းသွားခြင်းဖြစ်သည်ဟု
စစ်ရေးသတင်းရစ်မြစ်တစ်ခုက ပြောဆိုသည်။
“
သူတို့ (မိသားစုတွေ) ကို ပို့ဆောင်ဖို့ ခေါ်သွားတဲ့ ကားတွေအထဲမှာ
အရပ်သားပိုင်(၁၂) ဘီးကား ၃စီး၊ (၆)
ဘီးကား ၈ စီး၊ (၈) ဘီးကား ၇ စီးနဲ့ အိမ်စီးကား ၂ စီး၊ စုစုပေါင်း
ကားစီး ၂၀ ဖြစ်ပါတယ်။ မိသားစုများတော့ ကားတွေနဲ့
ပို့တာပါ။ အမ်း - ပဒန်း ရိုလမ်းကိုကျော်ပြီး မင်းဖူးနဲ့ မကွေးဖက်ကို ထွက်သွားပါတယ်”ဟု ပြောသည်။
ဒေသခံမျက်မြင်တစ်ဦးကလည်း ယနေ့နံနက်စောက အမ်းကနေ ထွက်ခွာသွားသော ကားတန်းရှည်ကို မြင်တွေ့လိုက်ရသည်ဟု ပြောဆိုသည်။
ယခု ပြောင်းရွှေ့ရာတွင် တပ်မိသားစုများသာမက တပ်ရင်းတပ်ဖွဲ့များ၏ ရုံးနှင့် သက်ဆိုင်သည့်
စာရွက်စာတန်းများလည်း ပါဝင်နိုင်သည်ဟု သိရသည်။
AA
က မဲတောင်ဗျုဟာကို သိမ်းပိုက်ပြီးနောက် နပခဌာနချုပ်နင့် တပ်ရင်း၊တပ်ခွဲများကို AAမှ မလွဲမသွေ ထိုးစစ်ဆင်တိုက်ခိုက်လာမည်ကို သိပြီးနောက် အခုလိုမိသားစုဝင်များကို ပြောင်းရွှေ့ခြင်းဖြစ်သည်။
နပခဌာနချုပ်နင့် AA ၏ထိုးစစ်သည်နီးကပ်နေပြီး AA ၏လက်နက်ကြီးပစ်ခတ်မူကြောင့် နပခဌာနချုပ်မှ G1 အိမ်၊ ကြက်ခြံ ၊ နပခဌာနချုပ်အဝင်ဂိတ်၊ အမြောက်တပ်၊ ဆေးတပ်တို့မှ အဆောက်အဦ တချို့လည်း ထိမှန် ပျက်စီးသွားမှုရှိသည်ဟု သိရသည်။