သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်လက္ကာရွာမီးရှို့ခံရမှု ဘက်မလိုက်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 8.5k

နိရဥ္စရာ၊ မေ ၂၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာရွာမီးရှို့ခံရမှုအပေါ် ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့်  Human Rights Watch (HRW) က ယနေ့ တွင် တောင်းဆိုလိုက်သည်။ 

၎င်းအဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် ၂ဝ၂ဝ ခုနှစ်၊ မေလ ၁၆ ရက်တွင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် အိမ်များနှင့်အခြားအဆောက်အအုံ ၂ဝဝ ခန့် မီးလောင် ပျက်စီးသွားကြောင်း ဂြိုလ်တုမှ ပုံရိပ်များအရ မြင်တွေ့ရကြောင်း ဖော်ပြသည်။ 

၎င်းမြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာရှိ လူနေအိမ်များအား အစုလိုက်အပြုံလိုက် ဖျက်ဆီးခံရခြင်း အတွက် ကျူးလွန်သည့် တာဝန်ရှိများကို အပြစ်ပေးရန်  ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမြန်လိုအပ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှပြောကြားသည်။ 

၂ဝ၁၉ ခုနှစ်ဇန်နဝ ါရီလမှ စ၍ မြန်မာစစ်တပ်နှင့် Arakan Army (AA) တို့အကြား တိုက်ခိုက်မှု များကြောင့် အရပ်သားအများအပြား သေဆုံးမှုများနှင့် အရပ်သားပိုင်ဆိုင်မှု ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟုဆိုသည်။

ဖြစ်ပျက်ခဲ့မှုများကို ရှာဖွေဖော်ထုတ်ရန်၊ တာဝန်ရှိသူများကိုအပြစ်ပေးရန်၊ ထိခိုက်ဒဏ်ရာ ရရှိနေသည့် ရွာသားများကို လျော်ကြေးပေးရန်နှင့် ယုံကြည်စိတ်ချရပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အရေးတကြီးလိုအပ်နေကြောင်း ဖော်ပြထားသည်။ 

၂ဝ၂ဝ မေလ ၁၆ ရက် နံနက် ၁ဝး၃ဝ နာရီတွင် မှတ်တမ်းတင် ဂြိုလ်တုပုံရိပ်အရ လက္ကာရွာတွင် မီးလောင်ပျက်စီးခြင်းကို မပြထားသော်လည်း ညနေ ၂း၁၂ နာရီတွင် ပတ်ဝန်းကျင် ဆိုင်ရာ ဂြိုဟ်တုတစ်လုံးမှ  ထိုရွာ၌ မီးလောင်ကျွမ်းမှုများစွာကိုတွေ့ရှိခဲ့ရကြောင်း၊ မီးလောင်ကျွမ်းခဲ့သော အဆောက်အဦး ၂ဝဝ ၏ ပျက်စီးမှုကို ဆန်းစစ်နိုင်ခဲ့ပြီး အဆောက်အအုံများအတွင်းပိုင်း ပျက်စီးမှုကို မမြင်နိုင်သဖြင့် ပျက်စီးမှုကို တန်ဖိုးကို  ခန့်မှန်းရန် အခက်အခဲရှိကြောင်း ဖော်ပြသည်။ 

Myanmar: Imagery Shows 200 Buildings Burned 


ဆက်စပ် သတင်းများ