သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်၊ ကျောက်ခုတ်ရွာမှ ဖမ်းဆီးထားသူများကို ပြန်လွှတ်လိုက်ပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

နိရဥ္စရာ၊ ဇွန် ၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာမှ တပ်မတော် စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင် ထားသည့် ကျေးရွာသားများကို ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။

“ အားလုံးကို ပြန်လွှတ်လိုက်ပါပြီ။ ဖမ်းထားတဲ့ ရွာသားတွေကို မနေ့ ညနေ ၆ နာရီ၊ ၇ နာရီလောက်မှာ လွှတ်လိုက်တာပါ။ ရွာက ကျောင်းတကာတွေကိုတော့ ညဉ့် ၁၁ နာရီလောက်မှာ ပြန်လွှတ်လိုက်ပါတယ်။ အခုတော့ ရွာက ဖမ်းဆီးထားတာ တစ်ယောက်မှ မရှိတော့ပါ” ဟု အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

လွတ်လာသူများမှာ မောင်မောင်စိုး (၁၆) နှစ်၊ မောင်သိန်းအေးကျော် (၁၇)နှစ်၊ မောင်မြတ်လင်းကြီး(၁၇) နှစ်၊ မောင်ကျော်စိုးလင်း (၁၇) နှစ်၊ မောင်ခိုင်ငြိမ်းစိုး (၂၉)မောင်ဝင်းဇော်ဦး (၁၆) နှစ်နှင့် ဦးမောင်လှသိန်း(၄၁) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ကျောက်ခုတ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသားတစ်ဦးက “ မနေ့က ညနေပိုင်းမှာ လွှတ်ပေးလိုက်ပါတယ်။ ဒီနေ့ မနက်က လူကြီးတစ်ချို့ကို မေးစရာရှိတယ်ဆိုပြီး စစ်ကြောင်းက ဘုန်းကြီးကျောင်းကို ခေါ်ပါတယ်။ မနက် ၉ နာရီခွဲမှာတော့ အားလုံး အေးအေးဆေးဆေး အိမ်ကို ပြန်ရောက်လာကြပါတယ်” ဟု ပြောကြားသည်။

သို့သော် အဖမ်းအဆီးများကြောင့် ရွာမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာသားအများအပြားမှာ စစ်ကြောင်းရွာထဲတွင် ရှိနေသဖြင့် မပြန်နိုင်သေးဘဲရှိနေကြောင်း ယနေ့ နံနက်က ပြောကြားသည်။

-----------------------------

Unicode -


နိရဉ်စရာ၊ ဇှနျ ၉ / ၂ဝ၂ဝ






ဆက်စပ် သတင်းများ