မောင်စာဂ၊
နိရဥ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၄
တစ်ကမ္ဘာလုံးတွင်
သတင်းသမားများအတွက် လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံး ငါးနိုင်ငံ၌
မြန်မာနိုင်ငံပါဝင်သည်ဟု သိရသည်။
ပြင်သစ်နိုင်ငံအခြေစိုက်
နယ်စည်းမခြားသတင်းထောက်များအဖွဲ့
အဆိုပါစစ်တမ်းတွင်
ကမ္ဘာတစ်ဝန်း သတင်းသမားများအတွက် လုံခြုံမှုမရှိသည့်နိုင်ငံပေါင်
အဆိုပါ
၃၇ နိုင်ငံအတွင်း သတင်းသမားများအတွက်
လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံးတွင်ရှိသည့် ငါးနိုင်ငံတွင် မြန်မာနိုင်ငံလည်း
ပါဝင်နေခြင်းဖြစ်သည်။
လုံခြုံမှုအကင်းမဲ့ဆုံး
ထိပ်ဆုံးတွင်ရှိသည့် နိုင်ငံ ငါးနိုင်ငံမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊
အီရတ္ထရီးယား၊ မြန်မာနှင့်
အီရန်တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင်
စစ်တပ်က အာဏာသိမ်းလိုက်သည့်
၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်ကာ ယခုအချိန်ထိ သတင်းသမားများအတွက် လုံခြုံမှု
အလွန်တရာကင်းမဲ့နေပြီး အသက်အန္တရာယ်များပါ စိုးရိမ်နေကြရသည်ဟု
သတင်းသမားအသိုင်းအဝိုင်းက တညီတညွတ်တည်းပြောဆိုကြသည်။
မြန်မာ့သတင်းစာဆရာတစ်ဦးဖြစ်သူ
မဇ္စျိမသတင်းဌာနမှ သတင်းခန်းစီမံခန့်ခွဲမှု
အယ်ဒီတာ ဆရာဦးစိန်ဝင်းက "စစ်ကောင်စီက သတင်းသမားဆိုလို့ရှိရင်
သူ့ဘက်ကနေပြီးတော့ သူ့အလိုကျရေးတာ၊ သူ့ကို မဝေဖန်တာ၊
သူ့ကိုအကောင်းပြောတာကိုပဲ သူက လက်ခံနိုင်ပြီးတော့ သတင်းကို သတင်းနဲ့တူအောင်ရေးပြီဆိုရင် သူက
လက်မခံဘူး။ ဖမ်းမယ်၊ ဆီးမယ်၊ ထောင်ချမယ်၊ နှိပ်စက်မယ်။
အဲဒါမျိုးတွေ အကုန်လုပ်တာပေါ့နော်။ ဒီစစ်ကောင်စီက တရားမျှတမှုတွေ၊
သတင်းလွတ်လပ်ခွင့်တွေဆိုတာ သူတို့မှာ ဘာမှ မရှိဘူး"ဟု နိရဥ္စရာကို ပြောသည်။
ကမ္ဘာတွင်
သတင်းမီဒီယာလွတ်လပ်ခွင့် ၄၀ ရာခိုင်နှုန်းမှ သုညရာခိုင်နှုန်းအထိ သတင်းမီဒီယာလွတ်လပ်ခွင့်အနည်းဆုံ
ရခိုင်မှ
အမျိုးသမီးသတင်းထောက် မခင်သရဖီဦးကလည်း မြန်မာနိုင်ငံတွင်သော်လည်းကောင်
"အခု အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတာပေါ့။
သတင်းထောက်လုပ်တယ်ဆိုတာကိုတောင် လျှို့ဝှက်ပြီး လုပ်နေရတဲ့အနေအထားပေါ့။ အခု
လွတ်မြောက်နယ်မြေတွေမှာလည်း တူတူပဲ။
သတင်းသမားတွေအတွက်
လွတ်လပ်မှု၊ လုံခြုံမှုက မရှိသလောက်ပါပဲ"ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး
သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ၏ ညှဉ်းပမ်းနှိပ်စက်ခံရမှုများကြေ
RSF ကလည်း မြန်မာနိုင်ငံတွင်
စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုထိ သတင်းသမား ၆၂ ဦး ဖမ်းဆီးထောင်ချခံထားရသည်ဟု
ထုတ်ပြန်ထားသည်။
စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ)ကလည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး
သတင်းသမားဖမ်းဆီးခံရသည့်နိုင်ငံ
အလားတူ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း
သတင်းသမားများ ဖိနှိပ်ခံရမှု စံချိန်တင်နေသည်ဟု
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar)က ၂၀၂၂ ခုနှစ်၊
မေ
၂ ရက်တွင် ထုတ်ပြန်ခဲ့ဖူးသည်။
ဓာတ်ပုံ
- စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်ဆန္ဒပြပွဲကို စစ်တပ်က
ဖြိုခွဲစဉ် သတင်းသမားများကို တွေ့ရစဉ်။