သဥ္ဇာနွယ်/ နိရဥ္စရာ၊ မေ ၁၄/ ၂၀၂၄
ရခိုင်ပြည်၊
သံတွဲမြို့မှ ရဲစခန်းမှ ရဲ ၄ ဦးသည် လက်နက်များ
ယူဆောင်ထွက်ပြေးသွားကြောင်း
သတင်းရရှိသည်။
သံတွဲမြို့မ ရဲစခန်းမှ
ရဲ ၄ ဦးသည် ယမန်နေ့ မေလ ၁၃ ရက်နေ့က ထွက်ပြေးသွားခဲ့သည်ဟု သံတွဲမြို့ခံ
အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။
“ မနေ့ကတည်းက
ထွက်ပြေးသွားတာ။ ဗမာလူမျိုးတွေလို့သိရတယ်။ မိသားစုတွေတော့မပါဘူး။
အန်တီတို့ သိရတာက သူတို့က
သံတွဲမြို့ခံမဟုတ်ဘူး” ဟုပြောသည်။
ထွက်ပြေးသွားသည့်
ရဲများမှာ မြေပုံမြို့နယ်မှ ပြောင်းရွေ့လာသည့် ရဲများဖြစ်ပြီး လက်နက် တစ်ချို့ကိုလည်း ယူဆောင်သွ
“ တိုက်ပွဲကာလတုန်းက
မြေပုံတို့ဖက်ကပြောင်းလာတဲ့ရဲတွေ
စစ်ကောင်စီသည်
သံတွဲမြို့တွင် တိုက်ပွဲကြောင့် ထွက်ပြေးလာသာ့် ရဲအင်အားနှင့် စစ်သား အင်အားအခိုင်အမာဖြည့်ထား
ထွက်ပြေးသွားသည့်
ရဲများအား စစ်ကောင်စီဖက်မှ အပူတပြင်း လိုက်လံရှာဖွေလျက်ရှိသည်ဟု သံတွဲမြို့ခံများက
ပြောသည်။
မာန်အောင်မြို့နယ်တွင်လည်း စစ်ကောင်စီမှ
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးတချို့နှင့်
ရဲတချို့ထွက်ပြေးမှုများရှိလာနေ
အလားတူ
တောင်ကုတ်မြို့တွင်လည်း တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်၍ တောင်ကုတ်မြို့မရဲစခန်းမှူး
အပါအဝင် စခန်းမှထွက်ပြေးပြီး ရဲတပ်ကြပ်
ရခိုင်တောင်ပိုင်းတွင် တိုက်ပွဲအရှိန်မြင့်လာသည့်
အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး တချို့နှင့် ရဲများ၊
စစ်သားများမှာလည်း ထွက်ပြေးမှုများလာပြီး အာရက္ခတပ်တော်ထံ ခိုလှုံသူများလည်း ရှိကြောင်းသိရသည်။