သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဟစ်ဇ်ဘိုလာ က ဒုံးကျည် အစင်း(၃၂၀)ဖြင့် အစ္စရေးစစ်အခြေစိုက်စခန်း (၁၁)ခုအပါအဝင် စစ်တန်းလျားများကို ပစ်မှတ်ထားတိုက်ခိုက် (အစ္စရေးတစ်နိုင်ငံလုံးကို (၄၈) နာရီကြာ အရေးပေါ်အခြေအနေကြေညာ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၂၅/၂၀၂၄ (နိုင်ငံတကာ)

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့က Katyusha ဒုံးကျည် အစင်း(၃၂၀)ဖြင့် ဂိုလန်ကုန်းမြင့်များအပါအဝင် အစ္စရေးစစ်အခြေစိုက်စခန်း (၁၁)ခုနှင့် စစ်တန်းလျားများကို ယနေ့၊သြဂုတ်လ (၂၅)ရက်တွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း The Hindu သတင်းကဖော်ပြချက်အရသိရသည်။

အစ္စရေးတို့က ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး အား သတ်ဖြတ်ခဲ့မှုအပေါ်လက် တုံ့ပြန်သည့်အနေ ဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့က ယခုကဲ့သို့ အစ္စရေးကို ဒုံးကျည်များ၊ ဒရုန်းများ ပစ်လွှတ်ပြီး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ "အရပ်သားများကို ထိခိုက်လာရင် ပြင်းထန်သည့် ပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်” ဟုဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားခဲ့သည်။

ယခုအချိန်အထိ ပစ်လွှတ်တိုက်ခိုက်ခဲ့သည့် Katyusha ဒုံးကျည်အစင်း​ပေါင်း ၃၂၀ ကျော် ရှိသွားပြီ ဖြစ်ကြောင်း၊ဒုံးကျည်များသည် ရန်သူ(အစ္စရေး) ရှိရာနေရာများသို့ ဦးတည်သွားနေ ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့၏ သြဂုတ်လ (၂၅)ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၄င်းတို့သည် အစ္စရေးတို့ သိမ်းယူထားသော ဂိုလန်ကုန်းမြင့်များအပါအဝင် အစ္စရေးအခြေစိုက်စခန်း (၁၁)ခုနှင့် စစ်တန်းလျားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာ တို့က ထပ်လောင်း ပြောကြားခဲ့သည်။

ဟစ်ဘိုလာတို့သည် မောင်းသူမဲ့လေယာဉ် အမြောက်အမြားဖြင့် အစ္စရေးနိုင်ငံအတွင်းပိုင်းအထိ ထိုးဖောက်၀င် ရောက်ကာ လေကြောင်းတိုက်ခိုက်မှုကို စတင်လုပ်ဆောင် ခဲ့ကြသည်ဟုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။

အစ္စရေးတစ်နိုင်ငံလုံးကို ယနေ့၊သြဂုတ်လ (၂၅)ရက် ကစတင်ပြီး (၄၈)နာရီကြာ အရေးပေါ် အခြေအနေ အဖြစ် ကြေညာလိုက်ကြောင်းအစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း The Hindu သတင်းကဖော်ပြသည်။

ယခုလို အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခြင်းသည် အစ္စရေးစစ်တပ်က အစ္စရေးနိုင်ငံသားများ ကို ညွှန်ကြားချက်များ၊လမ်းညွှန်ချက်များ ထုတ်ပြန်နိုင်စေဖို့ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောဆိုသည်။

အစ္စရေးစစ်တပ်က လက်ဘနွန်ရှိ ဟစ်ဘိုလာ အဖွဲ့ကို " ကြိုတင်လက်ဦးမှုရယူခြင်း" ဟု အမည်ပေးထားသည့် တိုက်ခိုက်မှုများကို စတင်ပြီးနောက် ကာကွယ်ရေးဝန်ကြီး Yoav Gallant သည် တနင်္ဂနွေနေ့ (သြဂုတ် ၂၅၊ ၂၀၂၄) နံနက် (၀၆း၀၀) နာရီမှစတင်ပြီး (၄၈) နာရီအတွင်း အစ္စရေး တစ်နိုင်ငံလုံး ကို အရေးပေါ်အခြေအနေ အဖြစ်ကြေညာခဲ့သည်။ Source/The Hindu

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!