တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တကောင်းအနီး ဘင်္ဂလားပင်လယ်အော်တွင် ကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 997

(သင်္ဘောသားအားလုံးကို ကယ်တင်နိုင်ခဲ့)

 

စစ်တကောင်းအနီး ဘင်္ဂလားပင်လယ်အော် ရေလက်ကြားတွင် ကြာသပတေးနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ် လိုက်ပါလာသော သင်္ဘောသားအားလုံးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရှိရသည်။

 

ပန်ဂွန် အိတ်စ်ပရက်စ် Pangaon Express အမည်ရှိ ကုန်တင်သင်္ဘောသည် စစ်တကောင်းဆိပ်ကမ်းမှ သွင်းကုန်သေတ္တာများ တင်ဆောင်လျှက် ကေရာနီဂန်ဂျီရှိ ပန်ဂွန်း ကုန်းတွင်း ကုန်သေတ္တာစခန်းသို့ မောင်းနှင်လာစဉ် ပင်လယ်တွင်း နစ်မြုပ်သွားခြင်းဖြစ်သည်ဟု စစ်တကောင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး အိုမာ ဖာရွတ်က အတည်ပြုပြောကြားသည်။

 

 " ရာသီဥတုဆိုးရွားလို့ ပန်ဂွန်းအိတ်စ်ပရက် ရဲ့ အစိတ်အပိုင်းအချို့ နစ်မြုပ်သွားပါတယ်။ သင်္ဘောရဲ့ တစ်ဝက်က ရေအောက်နစ်မြုပ်သွားပါတယ်။ သင်္ဘောသား စုစုပေါင်း ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ကုန်သေတ္တာ ၉၆ လုံး တင်ဆောင်လာတဲ့အနက် သုံးလုံးက ရေထဲမျောသွားပါတယ်ဟု အိုမာ ဖာရွတ်က ပြောသည်။



 

ဆိပ်ကမ်းအရာရှိ အိုမာဖာရွတ်၏ ပြောကြားချက်အရ Dolphin Marine က ခန့်ထားသည့် နည်းပညာရှင်အဖွဲ့တစ်ဖွဲ့က သင်္ဘောတွင်းမှ ရေများ နှင့် ကုန်သေတ္တာများ ဖယ်ရှားရန် ကြိုးစားနေသည်ဟု သိရသည်။

 

ထို့ပြင် ဆိပ်ကမ်း ဆွဲသင်္ဘောတစ်စီး နှင့် စင်းလုံးငှါး ဆွဲသင်္ဘောတစ်စီးကို ထိုနေရာသို့ စေလွှတ်ထားသည်ဟု ဆိုသည်။ ဖာရွတ်က Sea Glory Shipping ကုမ္ပဏီသို့ စာတစ်စောင်ပေးပို့ထားပြီး သင်္ဘောကို အမြန်ဆုံးဆယ်ယူနိုင်ရန်တောင်းဆိုထားသည်ဟု ဆိုသည်။

 

ဘင်္ဂလားဒေ့ရှ် ရေတပ်ဖွဲ့ဝင်များကိုလည်း သင်္ဘောကယ်ဆယ်ရေးအတွက် တာဝန်ချထားသည်ဟု သိရသည်။

 

NN-27

Ref and Photo Dhaka tribune

ဆက်စပ် သတင်းများ