တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဂျပန်အနောက်တောင်ပိုင်းတွင် မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လူတစ်ဦးသေဆုံးပြီး ထောင်ပေါင်းများစွာအား အရေးပေါ်ရွှေ့ပြောင်းရန်သတိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 354

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာ နှင့် အိုအိတ ခရိုင်များတွင် ဇူလိုင် ၁၀ ရက်၊ မနက်အစောပိုင်းက မိုးကြီးသည်းထန်စွာ ရွာသွန်းခဲ့ရာ လူတစ်ဦးသေဆုံးပြီး ထောင်ပေါင်း များစွာသောပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန် ထားရသည်ဟု သိရှိရသည်။

ဖူကူအိုကာခရိုင်၊ ကျေးရွာတစ်ရွာတွင် မြေပြိုသဖြင့် အသက် ၇၇ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားပြီး ဆာဂ ခရိုင် ကာရက်ဆုမြို့တွင်လည်း မြေပြို၍ လူသုံးဦးပျောက်ဆုံးနေသည်ဟု အာဏာပိုင်များက ပြောကြားသည်။

 

တနင်္လာနေ့ မနက်ပိုင်းတွင် ဖူကူအိုကာ နှင့် အိုအိတ ခရိုင်များရှိ လူပေါင်း ၄၂၀၀၀၀ ကို အသက်န္တရာယ်ရှိသဖြင့် ဘေးလွတ်ရာသို့ အမြန်ရွှေ့ပြောင်းကြရန် သတိပေးချက်ထုတ်ပြန်ခဲ့ရသည်။



 

 ဖူကူအိုကာ၊ ဆာဂ၊ ယာမဂူချီ နှင့် အိုအိတ ခရိုင်များရှိ မြေနိမ့်ဒေသတွင် နေထိုင်ကြသူ ၂ သန်းကိုလည်း အန္တရာယ်သတိပေးချက် ထုတ်ပြန်ထားသည်။

 

ဂျပန် မိုးလေဝဿဌာန၏ ပြောကြားချက်အရ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖူကူအိုကာ နှင့် အိုအိတ ခရိုင်နေရာအနှံ့တွင် ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပေါ်နိုင်သည်ဟုဆိုသည်။

 

ဖူကူအိုကာ ခရိုင်မှာ မကြုံစဖူး မိုးသည်းထန်ရွာသွန်းမှုမျိုးနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးချက် ထုတ်ပြန်ထားရပါတယ်ဟု ဂျပန်မိုးလေဝသဌာနက ဆိုသည်။

 



ဂျပန် NHK သတင်းဌာန၏ ရုပ်သံထုတ်လွှင့်မှုတွင် ကာရတ်ဆုမြို့၊ နေအိမ်များပေါ်သို့ မြေပြိုကျပြီး အိမ်များ ပြိုကျပျက်စီးနေသည်ကို တွေ့မြင်ရသည်။ အခြားရုပ်သံဗီဒီယိုများတွင် မြစ်ရေ တိုက်စားမှုကြောင့် တံတားများ ရေထဲမျောပါပျက်စီးသွားသည်ကို မြင်တွေ့ရသည်။

 

မကြုံစဖူး မိုးကြီးသည်းထန်စွာရွာသွန်းမှုကြောင့် ဟီရိုရှီးမား အနောက်ပိုင်း နှင့် ဖူကူအိုကာတို့အကြား ဆက်သွယ်ထားသည့် ကျည်ဆံရထားခရီးစဉ်များကိုလည်းဖျက်သိမ်းခဲ့ရသည်ဟု သိရှိရသည်။ ဂျပန်အနောက်ပိုင်းရှိ ထောင်ပေါင်းများစွာသော နေအိမ်များ လျှပ်စစ်ဓါတ်အား ပြတ်တောက် နေသည်ဟုလည်း အစိုးရပြောရေးဆိုခွင့်ရှိသူ မတ်ဆုနို က ပြောကြားသည်။

 

NN- 27

ref:AFP

ဆက်စပ် သတင်းများ