တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အစ္စရေး-ဟားမတ်စ် စစ်ပွဲနှင့် ဆက်နွှယ်ပြီး မွတ်ဆလင်ကလေးငယ်တစ်ဦး အမေရိကန်တွင် ဓါးဖြင့် ထိုးသတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 749

အစ္စရေး-ဟားမတ်စ် စစ်ပွဲကိုအကြောင်းပြု၍ မွတ်ဆလင်မုန်းတီးရေးစိတ် ပြင်းထန်နေသူ အမေရိကန်နိုင်ငံသားတစ်ဦးက အသက်(၆)နှစ်အရွယ် မွတ်ဆလင်ကလေးငယ်တစ်ဦးအား ဓါးဖြင့်ထိုးသတ်မှု အမေရိကန်နိုင်ငံ ချီကာဂိုတွင် စနေနေ့က ဖြစ်ပွါးခဲ့သည်။

ဓါးဖြင့်ထိုးသတ်ခဲ့သူ အီလီနွိုက်ပြည်နယ်သား အား ရဲကဖမ်းဆီးပြီး လူသတ်မှု၊ အမုန်းတရားဆိုင်ရာ ရာဇဝတ်မှု၊ လက်နက်မှုများဖြင့် အမှုဖွင့်ထားသည်ဟု မွတ်ဆလင်အခွင့်အရေးဆိုင်ရာ လှုပ်ရှားတက်ကြွသူများက ဆိုသည်။

လူသတ်သမားသည် အသက် ၆ နှစ်အရွယ် မွတ်ဆလင်ကလေးငယ်အား ၁၈စင်တီမီတာ လွှသွားပါ စစ်သုံးဓါးဖြင့် ၂၆ချက် ထိုးခဲ့သလို သူ၏ မိခင်အားလည်း ထိုးခဲ့သည်။ကံအားလျော်စွာ မိခင်မှာ အသက်မသေခဲ့ပေ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါသားအမိမှာ ပါလက်စတိုင်းမွတ်ဆလင်များဖြစ်ပြီး အမေရိကန်နိုင်ငံသို့ အခြားသော ခိုလှုံလာသူများကဲ့သို့ပင် နေထိုင်ရန်၊ ပညာသင်ကြားရန် ငြိမ်းချမ်းစွာ ဆုတောင်းဝတ်ပြုရန်ရောက်လာသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ ခုလို အမုန်းတရား နဲ့ ထိတ်လန့်စရာ အပြုအမူအတွက် အမေရိကမှာ နေရာမရှိပါဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

လူသတ်မှုကျူးလွန်သူမှာ အသက် ၇၁ နှစ်အရွယ်ရှိ ဂျိုးဆက် စီဇူဘာ ဖြစ်သည်ဟု သိရှိရသည်။

ရဲထောက်လှမ်းရေးများ၏ စစ်ဆေးတွေ့ရှိချက်အရ လူသတ်သမား၏ ရက်စက်စွာ တိုက်ခိုက်ခံရခြင်းမှာ  သားအမိနှစ်ဦးမှာ လက်ရှိအရှေ့အလယ်ပိုင်းတွင်ဖြစ်ပွားနေသော အစ္စရေး-ဟားမတ်စ် စစ်ပွဲ နှင့် ဆက်စပ်ပြီး မွတ်ဆလင်ဖြစ်နေသည့်အတွက်ကြောင့်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ