စနေ၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၄

၂၀၂၄ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ဂျပန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Nihon Hidankyo ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 272

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၄ (နိုင်ငံတကာ)

၀၂၄ခုနှစ်၊အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Nihon Hidankyo အားချီးမြှင့်လိုက်ကြောင်း နော်ဝေနိုဘယ်ကော်မတီက ကြေညာခဲ့သည်။

နျူလက်နက်ကင်းစင်သော ကမ္ဘာဖြစ်မြောက်ရန် ကြိုးပမ်းအားထုတ်မှုနှင့် နျူကလီးယား လက်နက်များကို နောက်တဖန်အသုံးမပြုရရန် လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် ဂျပန် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Nihon Hidankyo အား၂၀၂၄ခုနှစ်၊အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်လိုက်ကြောင်း နော်ဝေနိုဘယ်ကော်မတီက အောက်တိုဘာ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

Nihon Hidankyo နှင့် Hibakusha ၏ အခြားသော ကိုယ်စားလှယ်များ၏ ထူးထူးခြားခြား ကြိုးပမ်းမှုများသည် နျူကလီးယား တားမြစ်ပိတ်ပင်မှုကို တည်ထောင်ရာတွင် များစွာ အထောက်အကူ ပြုခဲ့သည်ဟု နော်ဝေနိုဘယ်ကော်မတီကမှတ်ချက်ပြုခဲ့သည်။

၂၀၂၄ ခုနှစ် နိုဘယ်ဆု များစာရင်းကို အောက်တိုဘာ (၈)ရက်တွင် ရူပဗေဒ နိုဘယ်ဆု၊ အောက်တိုဘာ (၉)ရက်တွင် ဓာတုဗေဒ နိုဘယ်ဆု၊ အောက်တိုဘာ (၁၀)ရက်တွင် စာပေနိုဘယ်ဆု ၊အောက်တိုဘာ (၁၁)ရက်တွင်ငြိမ်းချမ်းရေးနိုဘယ်ဆု စာရင်းများကိုကြေညာခဲ့ပြီး ဖြစ်သည်။

အောက်တိုဘာ (၁၄) ရက်တွင် စီးပွားရေးသိပ္ပံနိုဘယ်ဆု ရရှိသူများကို ဆက်လက်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည် Source/Nobel Prize

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!