စနေ၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၄

ပင်လည်ဘူးမြို့အား သိမ်းပိုက်စဥ် စစ်ကောင်စီတပ်မှ အလင်းဝင်သူ (၄၈) ဦးရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 915

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၁  / ၂၀၂၄

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့အား သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်မှအလင်းဝင် ရောက်လာသူ (၄၈) ဦးရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်ရေူအစိုးရ (NUG)က သတင်းထုတ်ပြန်သည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက ယနေ့ အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

၎င်းတိုက်ပွဲတွင် ရန်သူ့ဘက်မှ (၇၀) ခန့် သေဆုံးပြီး (၂၇၅) ဦး ပျောက်ဆုံး၍ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရ (၆၀-ဦး စိုးရိမ်ရ)သည်။ မိမိတို့ထံသို့ အလင်းဝင်ရောက်လာသူ (၄၈) ဦးရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရမိသည်” ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

ပင်လည်ဘူးမြို့အား ဩဂုတ်လ (၁၅) ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ (၈) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယခင်အခြေချနေသော ရန်သူ့အင်အားအပြင် Mi-17 ဖြင့် (၂၁) ကြိမ် ထပ်မံအင်အား ပို့ချမှုများကြောင့် ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့ကြောင်း သိရသည်။

၎င်းရန်သူ့အဖွဲ့အား ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်သူများ အဓိက အခြေပြုနေသည့် ရဲစခန်းအတွင်းမှလည်း ဘိန်းမဲအထုပ် (၁၈) ထုပ် (ခမ ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ(အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ Y-8/ 12Yak-130/ MiG-29/ FTC-2000G/ K-8WMi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ်ရေ (၆၇၀) ကျော်တွင် ဗုံးသီး အလုံးရေ (၅၀၀၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။

ရန်သူ့ထံမှ လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး(လက်ကောက်)ဆိုဒ်စုံ (၂၃၄) ခု၊ Starlink အစုံ (၁) ခု (ဗန်းကွဲ)၊ အထိုင် Jammer (၅) ခု၊ Jammer Battery (၅) ခု၊ Jammer Battery အားသွင်းခုံ အစုံ (၄) ခု၊ ကျောလွယ် Drone Shooter Gun (၄) စုံ၊ Drone Shooter Gun Tablet (၁) ခု၊ Drone အသေး (၁) ခု၊ ဆက်သွယ်ရေးစက် အစုံ (၈) ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် (၉) ခု၊ လက်ဗွေစစ်သေတ္တာပုံး (၁) ခု သိမ်းဆည်းရမိကြောင်းထုတ်ပြန်ထားသည်။

ယခု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲသည် (၅) ကြိမ်မြောက် မြို့သိမ်းတိုက်ပွဲဖြစ်ပြီး တိုက်ပွဲများအတွင်း အသက်စွန့် ကျဆုံးခဲ့ရသော ရဲဘော်များအား လေးစားဂုဏ်ပြုအပ်သည့်အပြင် ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသော ရဲဘော်များကိုလည်း လေးစားဂုဏ်ပြုအပ်ကြောင်း အမှတ် (၁) စစ်ဒေသမှထုတ်ပြန်ထား သည်။

ဓာတ်ပုံ- အမှတ် (၁) စစ်ဒေသ

ဆက်စပ် သတင်းများ