တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာကွာဝေးသည့် နောင်ချိုမြို့နယ်မှ စစ်ကောင်စီစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 513

"ဒုဗိုလ်မှူးကြီး (၁) ဦး အရှင်ဖမ်းမိ"

စစ်ကောင်စီ၏ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက် စခန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပူးပေါင်း တပ်ဖွဲ့များမှ  ဇန်နဝါရီလ (၂) ရက်နေ့တွင်  ဝင်ရောက် စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု  အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) က သတင်းထုတ်ပြန်သည်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့၊ မနက် (၇:၃၀) ခန့်တွင် သံဘိုကျေးရွာစခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သံဘိုကျေးရွာ တိုက်ပွဲအတွင်း ရန်သူ့စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု ဆိုသည်။


တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တချို့ ပြည်သူ့တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သည်ဟု ဖော်ပြထားသည်။ 

၎င်းပြင် ဇန်နဝါရီလ (၃) ရက်နေ့၊ နေ့လယ် ၂ နာရီ ၂၅  မိနစ်တွင် ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ကား (၃) စီးနှင့်လာသော ရန်သူ့စစ်ကူအဖွဲ့အား ထပ်မံ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ရန်သူအများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ