ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ကန့်ဘလူမြို့နယ် ပိတောက်ပင်ရွာ မီးရှို့ခံရပြီး ကျေးရွာ ၁၁ ရွာမှ ဒေသခံများ တိမ်းရှောင်ထွက်ပြေးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 199

လူထက်နိုင်(ဒွာရာမြီ)

 နိရဉ္စရာ၊ ဧပြီ ၆ / ၂၀၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပိတောက်ပင်ရွာအား စစ်ကောင်စီ လက်အောက်ခံ ခမရ-၃၆၁ မှ မီးရှို့သောကြောင့် ကျေးရွာ ၁၁ ရွာမှဒေသခံများတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ဧပြီလ ၆ ရက်နေ့မနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ချပ်သင်းတိုက်နယ်အတွင်းရှိ ပိတောက်ပင်ရွာအား စစ်ကောင်စီလက်အာက်ခံ ခြေမြန်တပ်ရင်း-၃၆၁နှင့် ဝါသဝပျူရွာမှ စုပေါင်းအင်အား ၁၃၀ ခန့်ဖြင့် အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ အခုထိ မီးလောင်နေတုန်းပဲ ရွာသားတွေ ဘယ်နေရဲမလဲ ပြေးပြီလေ ၊ပျူတွေတော်ဆိုးတယ်ဗျာ ပစ္စည်းတွေလဲယူတယ်။ကိုယ်ချင်းမစာဘူး စစ်တပ်နဲ့ပေါင်းလုပ်နေတာလွန်လာပြီ” ဟု ကန့်ဘလူဒေသခံတစ်ဦး က နိရဉ္စရာ သို့ပြောသည်။

ထိုခြေမြန်တပ်ရင်း-၃၆၁ စစ်ကြာင်းသည် ဧပြီလ ၅ ရက်နေ့တွင် ဇင်းရွာမှတဆင့် ချပ်လယ်နှင့်ပိတောက်ပင်ရွာဘက်သို့ စစ်ကြာင်းထိုးဦးတည်ခဲ့ပြီး ချပ်လယ်ရွာအရှ့ဘက်၌ တစ်ညအိပ်တပ်စွဲကာ ဧပြီလ ၆ ရက် ယနေ့မနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ပိတောက်ပင်ရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးပြီး မနက် ၁၁ နာရီခန့်တွင် ချပ်ကြီးရွာသို့ ဝင်ရောက်သွားကြောင်းသိရသည်။

ထိုစစ်ကြောင်းသည် ဇင်းရွာ၌ ၃ ညအိပ်တပ်စွဲထားပြီး ဧပြီလ ၄ ရက်နေ့ မနက်တွင် ပေကုန်းကျေးရွာသို့ ဝင်ရောက်ကာ အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့၍ အပြစ်မဲ့ပြည်သူပိုင် ‌‌နေအိမ် နှစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်ကြာင်းထိုးနေသည်မှာ ၈ ရက်တိတိရှိနေပြီဖြစ်ကာ ပေကုန်း၊ဆားတွင်းကြီး၊ပင်းတဲ၊ဟင်းဖြူတော၊နဂါးပေါ်၊အုတ်ခင်း၊ချပ်လယ်၊ပိတောက်ပင်၊ဇီးကုန်း၊နှောကုန်းနှင့် ကျေးတော စသည့် ကျေးရွာများမှ ပြည်သူများ အိုးအိမ်စွန့်ခွါကာ ဘေးလွတ်ရာထွက်ပြးတိမ်းရှာင်နေရကြောင်းသိရသည်။

 ဓာတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

ဆက်စပ် သတင်းများ