စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံ၏အမျိုးသားလုံခြုံရေးအကြံပေးနှင့်ဗိုလ်ချုပ်ကြီးမိုးအောင်တို့ ရုရှားတွင်တွေ့ဆုံခဲ့ဟု အိန္ဒိယကသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 593

ဂျွန်နသန်၊ ဧပြီ ၂၅/ ၂၀၂၅

အိန္ဒိယနိုင်ငံ၏အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval သည် ဧပြီလ ၂၄ ရက်နေ့တွင်မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် တွေ့ဆုံခဲ့ကြောင်း အိန္ဒိယကတရား၀င်သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အိန္ဒိယနိုင်ငံမှ ရန်ပုံငွေပံ့ပိုးထားသည့် အခြေခံအဆောက်အအုံစီမံကိန်းများအကြောင်း ကို ဆွေးနွေးခဲ့သည်။

၄င်းအပြင် နှစ်နိုင်ငံ လုံခြုံရေး ၊ ဒုက္ခသည်များအရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပရောဂျက်များ အပါအဝင် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အခြေအနေ များ ကို လည်းဆွေးနွေးခဲ့ကြသည်ဟု X လူမှုကွန်ရက်မှတဆင့် အိန္ဒိယ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆင့်မြင့်အရာရှိများ၏ ၁၂ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အစည်းအဝေး နှင့်အတူဆက်စပ် တွေ့ဆုံပွဲများကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်တွင် ပြုလုပ်ခဲ့သည်။

ရုရှားသတင်းအေဂျင်စီ TASS ၏အဆိုအရ အဆိုပါအစည်းအဝေးတွင် နိုင်ငံပေါင်း ၁၀၆ နိုင်ငံပါဝင်တက်ရောက်ကြသည်။

ဆက်စပ် သတင်းများ