တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

တနင်္သာရီတိုင်းတွင် ခရီးသည်တင်စက်လှေနစ်မြုပ်ပြီး ရုပ်အလောင်းနှစ်ဆယ်ကျော်ခန့်ရှာဖွေတွေ့ရှိထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 265

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၁ / ၂၀၂၄


တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ထွက်ခွာသည့် လူဦးရေ ၈၀ ကျော် လိုက်ပါလာသော

ခရီးသည်တင်စက်လှေသည် အောက်တိုဘာ ၂၀ ရက် ည ၉ နာရီခန့်တွင် ပင်လယ်ပြင် အတွင်း နစ်မြုပ်ခဲ့ပြီး လက်ရှိအချိန်ထိ အလောင်း ၂၀ ခန့်ရှာဖွေတွေ့ရှိထားပြီး ကျန်သူအများစုမှာ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှသိရသည်။

 

ည ၉ နာရီ ၃၀ အချိန်ခန့်က ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့ပြီး နံနက်ပိုင်းအချိန်အထိ ရုပ်အလောင်း ၂၀ ကျော်ခန့် ခန့်ရှာဖွေ့တွေ့ရှိထားပြီး ပျောက်ဆုံးနေသူအများစုရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

 

ဒေသခံအမျိုးသားတစ်ဦးက “ အသက်ရှင်တဲ့သူတွေလဲရှိပေမယ့် ပျောက်ဆုံးနေတဲ့သူတွေကများ ပါတယ်။ လူမှုကူညီရေး အဖွဲ့တွေရှာဖွေနေကြပါတယ်။ ကျောင်းသားတွေ ရောစစ်ရှောင်တွေရော ပါတယ်လို့သိရတယ်။ အလောင်းတချို့လည်း ရထားပါတယ်” ဟုပြောသည်။



 

ကျောက္ကာကျေးရွာရှိ ဒေသခံ စက်လှေများနှင့် ကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ပျောက်ဆုံး နေသူများအား ဆက်လက်ရှာဖွေလျက်ရှိကြောင်းသူကပြောသည်။

 

ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ ပါဝင်ကြောင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားကြသည်။

 

နစ်မြုပ်ရသည့် အကြောင်းမှာ လူနှင့် ဝန်အားမမျှ၍ နစ်မြုပ်ခြင်းဖြစ်ကြောင်း ဒေသအတွင်း သတင်းများတွင် ဖော်ပြကြသည်။

 

အဆိုပါ စက်လှေသည် နေ့စဉ် ည ၉ နာရီအချိန်ခန့်တွင် ကျောက္ကာမှ မြိတ်မြို့သို့ ထွက်ခွာပြေးဆွဲနေသည့် ခရီးသည်နှင့် ကုန်ပစ္စည်းတင်သည့်စက်လှေဖြစ်ကာ ကျောက္ကာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ လိုက်ပါလာကြောင်းသိရသည်။ ဓာတ်ပုံ -  CJ။

ဆက်စပ် သတင်းများ