တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

မောင်တောမြို့ ဖားဝပ်ချောင်းရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သည့်အတွက် အမျိုးသမီး ၃ဦး အပါအဝင် ၅ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 290

နိရဉ္စရာ၊ အောက်တိုဘာ ၂၁/ ၂၀၂၄

 

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ရခိုင်ကျေးရွာကို စစ်ကောင်စီလေတပ်က ညအချိန်ဗုံးကြဲတိုက်ခိုက်သဖြင့် အမျိုးသမီး ၃ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု​ သတင်းရရှိသည်။

 

သေဆုံးသွားခဲ့သည့် ကျေးရွာသားများမှာ ဒေါ်လှလှအေး (၅၈) နှစ်၊ မသီတာ (၂၆) နှစ်၊ မအေးအေးအောင် (၂၆)နှစ်၊ ကိုမောင်မောင်သိန်း (၂၀) နှစ်နှင့် ကိုနေဇော်ဦး (၂၉) နှစ်တို့ဖြစ်ကြသည်။

 

ကျေးရွာသားတစ်ဦးက “ဒီကနေ့ မနက်အစောကြီး ညအချိန် ၂နာရီ လူတွေအိပ်မောကျနေချိန်မှာ ဗုံးလာကြဲတာပါ။ ရွာသား ၅ ဦးသေပြီး ၂၀ လောက် ဒဏ်ရာရပါတယ်” ဟု ပြောကြားသည်။

 

၎င်းပြင် အိမ် ၄ ဆောင်ပျက်စီးပြီး ကားတစ်စီးနှင့် ဘေးတွဲဆိုင်ကယ်တစ်စီးလည်း ပျက်စီး သွားခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီသည် ရခိုင်ပြည် အနှံ့ လူနေကျေးရွာများကို နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သား ပြည်သူသေဆုံးဒဏ်ရာရရှိမှုမှာ ​နေ့စဉ် တိုးပွားလာနေသည်ဟု သိရှိရသည်။


(ဓာတ်ပုံ- သေဆုံး ဒဏ်ရာရသူများကို တွေရစဉ်)



 

ဆက်စပ် သတင်းများ