အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ဂီတပညာရှင် ဦးစောနုဦးဆောင်သင်ကြားပေးမည့်အဆိုသင်တန်း စစ်တွေတွင်ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 1.9k

ဆောင်းဇာခြည်

နိရဉ္စရာ မေ ၃/ ၂၀၂၁

 

တေးဂီတပညာရှင် ဦးစောနုဦးဆောင်သင်ကြားပေးမည့် အဆိုသင်တန်းတစ်ခုကို စ်တွေမြို့တွင် မေလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဂီတပညာရှင် ဦးစောနုက တစ်ကမ္ဘာလုံးမှာ သင်နေတဲ့ ဆိုနေတဲ့ နည်းစနစ်ကို ကျွန်တော်တို့ ရခိုင်ပြည်တစ်ပြည်လုံးနဲ့ မြန်မာပြည်တစ်ပြည်လုံးမှာ မသိမသာ အားနည်းတယ်။ အားနည်းတဲ့အတွက် ရခိုင်ပြည်မှာ လူငယ်လေးတွေဟာ International အဆင့်မီ ဆိုနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ရခိုင်ပြည်ကိုလာပြီး ဒီသင်တန်းကို ဖွင့်ရတာ။ ရခိုင်မှာ အနုပညာသမားလေးတွေ၊ ဝါသနာရှင်လေးတွေ နည်းမှန်စနစ်မှန်နဲ့ တိုးတက်အောင်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဟု ပြောသည်။

 

ခု ဖွင့်လှစ်သည့် င်တန်းသို့ သင်တန်းသား ၁၃ ဦး တက်ရောက်သင်ကြားမည် ဖြစ်ပြီး သင်တန်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အနုပညာသမားများနှင့် အဆိုဝါသနာရှင်များကို  နည်းမှန်စနစ်မှန်ဖြင့် တိုးတက်အောင်မြင်နိုင်စေရန် သင်ကြားပေးမည်ဟု ဆိုသည်။

 

ကျွန်တော်တို့ဆီမှာ ဗမာသီချင်းဆိုမယ့်သူပဲဖြစ်ဖြစ်၊ ရခိုင်သီချင်းဆိုမယ့်သူပဲဖြစ်ဖြစ် ဘယ်သီချင်းပဲ ဆိုဆို သင်တန်းကို တက်ရောက်နိုင်ပါတယ်။ နည်းစနစ်မှန်မှန်ကန်ကန်နဲ့ ဆိုနိုင်အောင် သင်ကြားပေးပါမယ် ဟု ဆရာဦးစောနုက ြောဆိုသည်

 

သင်တန်းတွင် ဆရားစောနုနှင့်အတူ ပူးပေါင်းကာ ကိုစေရာဇ်ကလည်း သင်တန်းသားများကို Level One တွင် အသံအတက်အကျနှင့်ပတ်သက်ပြီး အဓိကထားသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုစေရာဇ်က ကျွန်တော်တို့က ဆရာဦးစောနုနဲ့ အပိုင်းခွဲသင်ပါတယ်။ ကျွန်တော်တို့သင်တာက သီချင်းတစ်ပုဒ်ကို အလွတ်ကျက်ခိုင်းပြီး ဆိုခိုင်းတာမျိုး မဟုတ်ပါဘူး။ အဓိက Voice ကိုပဲ သင်ပေးတာပေါ့။ Voice ကို ဗိုက်က ဘယ်လိုထုတ်တယ်၊ လည်ခေါင်းအပေါ်က ဘယ်လို ထုတ်တယ်ဆိုတာတွေကို သင်ပေးတယ်ပေါ့။ သီချင်းကို သင်တာမျိုး မဟုတ်ပါဘူး။ အသံအချိန်းအပြောင်းကို သင်ပါတယ်။ ဥပမာ Rock ဆိုရင် ဘယ်လိုချိန်းတယ်၊ Pop ဆိုရင် ဘယ်လိုချိန်းတယ်ပေါ့ဟု ပြောသည်။

 

အဆိုပါ သင်တန်းနေရာမှာ စစ်တွေမြို့ လမ်းမကြီးဘေးရှိ ယဉ်ကျေးမှုပြတိုက်တွင် ဖြစ်ပြီး သင်တန်းသားဦးရေ ကန့်သတ်ထားခြင်းမရှိသည့်အတွက် အချိန်မရွေး လာရောက် တက်ရောက်နိုင်ကြောင်း၊ ပထမဆုံးသင်ကြားမည့် Level One (Basic) တွင် သင်တန်းသား တစ်ဦးအတွက်  သင်တန်းကြေး ခုနှစ်သောင်း သတ်မှတ်ထားကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ