တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးဖိတ်ခေါ်ထားစဉ်ကာလအတွင်း အင်အာစုဆောင်းခြင်း၊ နယ်မြေချဲ့ထွင်ခြင်း အပါအဝင် တိုက်ခိုက်မှုများပြုလုပ်ပါက အရေးယူ တုန့်ပြန်မှုများပြုလုပ်သွားမည်ဟု စစ်ကောင်စီထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 592

နိရဉ္စရာ၊ ဧပြီ ၂၃/၂၀၂၂
ငြိမ်းချမ်းရေးဖိတ်ခေါ်ထားစဉ်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အင်အား စုဆောင်းခြင်း၊ နယ်မြေချဲ့ထွင်ခြင်း အပါအဝင် တိုက်ခိုက်မှုများပြုလုပ်ပါက အရေးယူ တုန့်ပြန်မှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီက ဧပြီ ၂၂ ရက်နေ့စွဲဖြင့် အသိပေးချက်ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် “ တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုးလား တောင့်တချက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးပြီး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ အဆိုပါ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် တွေ့ဆုံ ဆွေးနွေး နေစဥ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို ထိခိုက် ပျက်စီးစေမည့် အင်အားစုဆောင်ခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စခန်းများအား တိုက်ခိုက်ခြင်း၊ ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ မပြုရန်နှင့် ထိုကဲ့သို့ လုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် လိုအပ်သည့် အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” ဟု ပါရှိသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!